Trending Now

မိုးညှင်းမြို့အစိုးရနည်းပညာကောလိပ်မှ မိုးညှင်းခရိုင် ဆေးရုံသို့ ဘက်စုံသုံး အဝေးထိန်းထရော်လီ (၁) စီးလှူဒါန်း

Spread the love

မိုးညှင်းမြို့အစိုးရနည်းပညာကောလိပ်မှ မိုးညှင်းခရိုင် ဆေးရုံသို့ ဘက်စုံသုံး အဝေးထိန်းထရော်လီ (၁) စီးလှူဒါန်း

EPN
မိုးညှင်း၊ မေ ၁၄

မိုးညှင်းမြို့ အစိုးနည်းပညာကောလိပ်မှ မိုးညှင်းခရိုင်ဆေးရုံကြီးသို့ COVID-19 ကာလတွင် Positive လူနာရှိခဲ့ပါက အသုံးပြုရန်အတွက် ဘက်စုံသုံး အဝေးထိန်းထရော်လီ (၁)စီးပေးအပ်လှူဒါန်းပွဲကို မေလ (၁၂) ရက်နေ့ နံနက် (၁၀) အချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ ဘက်စုံသုံး အဝေးထိန်းထရော်လီအား COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွင် အသုံးပြုရန်အတွက် မိုးညှင်းမြို့ နည်းပညာကောလိပ်ကျောင်းမှ ဆရာ၊ ဆရာမတို့က ပူးပေါင်းကြိုးစားဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မိုးညှင်းမြို့ အစိုးရနည်းပညာ ကောလိပ်၏ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ ကျော့ကျော့ရီက ပြောပြခဲ့သည်။

အဆိုပါဘက်စုံသုံး အဝေးထိန်းထရော်လီပေးအပ်လှူဒါန်းပွဲတွင် ဘက်စုံသုံးအဝေးထိန်းထရော်လီ (၁)စီး အ ပါအဝင် ခြေနင်းလက်ဆေးခုံ (၄)ခု၊ ခြေနင်းလက်ဆေးကန်(၁)ခု၊ အလိုအလျောက်လက်ဆေးကန်(၁)ခု၊ ဆပ်ပြာရည် (၂၀)ဘူးနှင့် လက်သန့်စင်ဆေးရည် (၂၀)ဘူးတို့ကိုလည်း ပေးအပ်လှူဒါန်း ခဲ့သည်။

အစိုးရနည်းပညာကောလိပ်(မိုးညှင်း)မှ ဘက်စုံသုံး အဝေးထိန်းထရော်လီ(၂)စီးကိုစက်မှုအင်ဂျင်နီယာဌာနမှ ဌာနမှူးနှင့် တွဲဖက်ပါမောက္ခများ၊ အီလက်ထရောနစ် အင်ဂျင်နီယာဌာနမှ လက်ထောက်ကထိကနှင့် ဆရာမများက ပူးပေါင်းကြိုးစား ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး မန္တလေးကန်တော်နဒီဆေးရုံကြီးသို့လည်း ဘက်စုံသုံးထရော်လီ (၁)စီးကို အဆိုပါနေ့မွန်းလွဲပိုင်းက မော်တော်ယာဉ်ဖြင့် ပို့ဆောင်လှူဒါန်းခဲ့ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါက်တာကျော့ကျော့ရီထံမှ သိရသည်။

မင်္ဂလာဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။