Trending Now


Spread the love


EPN
မြစ်​ကြီးနား၊ မတ်​ ၂၂






တိုင်းရင်းသား​ရေးရာဝန်​ကြီးဌာန၊ တိုင်းရင်းသားအခွင့်​အ​ရေးများကာကွယ်​​စောင့်​​ရှောက်​​ရေးဦးစီးဌာန မှ ပြည်​နယ်​/တိုင်း​ဒေသကြီးများရှိ တိုင်းရင်းသားများ၏သ​ဘောထားအမြင်​များကို စစ်​တမ်း​ကောက်​ယူကာ ​ကောက်​ယူရရှိသည့်​အချက်​အလက်​များကို တိုင်းရင်း​သား​ရေးရာဝန်​ကြီးဌာန၏ တိုင်းရင်းသား​အခွင့်​အ​ရေးများကာကွယ်​​စောင့်​​ရှောက်​​ရေး မဟာဗျူ ဟာတွင်​ထည့်​သွင်း​ရေးဆွဲကာ​ ဆောင်​ရွက်​သွားမည်ဖြစ်​​ကြောင်းသိရသည်​။

လွမ်း​အောင်
——————————————————–

ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်စေရန် တိုင်းရင်းသားများ၏ သဘောထားအမြင်ကို စစ်တမ်းကောက်ယူခဲ့ရာ လုံခြုံရေးကို ဦးစီးပေးဆောင်ရွက်ပေးစေလိုကြောင်း သိရ

EPN
မြစ်ကြီးနား၊ မတ် ၂၂

တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှ ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိ ုးများ၏ သဘောထားအမြင်များကို စစ်တမ်းကောက်ယူလျက်ရှိရာ ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်လာစေရန် ဦးစားပေးဆောင်ရွက်ရမည် ဆိုပါက လုံခြုံ ရေးကိုဦးစားပေးဆောင်ရွက်စေလိုကြောင်း တိုင်းရင်းသားလူမျိ ုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ကချင်ပြည်နယ်ရုံးမှသိရသည်။

တိုင်းရင်းသားလူမျိ ုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကချင်ပြည်နယ်ရှိတိုင်းရင်းသားလူမျိ ုးများ၏လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန် အတွက်တိုင်းရင်းသားလူမျိ ုးများ၏ သဘောထားအမြင်များကို ယခုနှစ် ဇန်နဝါရီလမှ စတင်စစ်တမ်းကောက်ယူခဲ့ကြောင်းသိရသည်။

ဤသို့ကောက်ယူချက်အရ လက်ရှိကောက်ယူပြီးစီးခဲ့သော လချိတ်၊ လော်ဝေါ် ၊လီဆူ ၊ရဝမ် တိုင်းရင်းသားမျိ ုးနွယ်စု လေးစု၏ သဘောထားအမြင်အရ ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်စေရန် ဦးစားပေးဆောင်ရွက်ရမည်ဆိုပါက နယ်မြေလုံခြုံရေးအပိုင်းကိုဦးစားပေးဆောင်ရွက်ပေးရန်လိုအပ်ကြောင်းတိုင်းရင်းသားလူမျိ ုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာ ကချင်ပြည်နယ်မှညွန်ကြားရေးမှူ းချ ုပ်ဒုတိယဦးစီးမှူ းဦးတင်အောင်ထွန်းကဆိုသည်။

” ကျွန်တော်တို့ ဒီကချင်ပြည်နယ်ဆိုရင်တော့တိုင်းရင်းသားတွေအားလုံးရဲ့ သဘောထားအမြင်ကတော့ ဒီလုံခြုံ ရေးပါဘဲ။ဒီလှုံခြုံရေးကိုတော့ အထူးအလေးအနက်ထားပြီးတော့ သူတို့လိုလားကြတယ်။”ဟု ဦးတင်အောင်ထွန်းကပြောသည်။

တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန မှ ပြည်နယ်/တိုင်းဒေသကြီးများရှိ တိုင်းရင်းသားမျျား၏သဘောထားအမြင်များကို စစ်တမ်းကောက်ယူကာ ကောက်ယူရရှိသည့်အချက်အလက်များကို တိုင်းရင်းသားရေးရာဝန်ကြီးဌာန၏ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး မဟာဗျ ူ ဟာတွင်ထည့်သွင်းရေးဆွဲကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။