Trending Now

ပူတာအိုမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး သတ်မှတ်စည်းကမ်း ချက်များနှင့်အညီလိုက်နာ ဆောင်ရွက်ရေးကွင်းဆင်းဆောင်ရွက်

Spread the love

ပူတာအိုမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး သတ်မှတ်စည်းကမ်း ချက်များနှင့်အညီလိုက်နာ ဆောင်ရွက်ရေးကွင်းဆင်းဆောင်ရွက်

EPN
ပူတာအို၊ မေ ၁၇

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ ဉက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်သည် တာဝန်ရှိသူများလိုက်ပါလျက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဌာနမှ သတ်မှတ်စည်းကမ်းချက် များနှင့်အညီ လိုက်နာဆောင်ရွက် ရေးတို့ကို မေ(၁၇)ရက် နံနက်(၇) နာရီက မြို့မဈေး၊ ယာယီပျံကျဈေးနှင့် ဆောက်လုပ်ရေးလုပ်ငန်း ဆောင်ရွက်နေသော လုပ်ငန်းခွင်သို့ သွားရောက်ကာ အသိပေး ပြောကြားခဲ့ကြောင်းသိရသည်။

ပူတာအိုမြို့မဈေးနှင့် ယာယီပျံကျဈေးအတွင်း ဈေးရောင်းချသူများနှင့် ဈေးဝယ်ပြည်သူများ ကျန်းမာရေးဌာနမှ သတိပေးနှိုးဆော်ချက်များနှင့် စည်းကမ်းချက်များအား လိုက်နာရေး၊ Mask များသုံးစွဲရာတွင် ရေရှည်အသုံး ပြုနိုင်မည့် ကိုယ်တိုင်ချုပ် Mask များအသုံးပြုရေး၊ မြို့ပေါ်ရပ်ကွက်များတွင် ပါဆယ်စနစ်ဖြင့် ရောင်းချနေသော လက်ဖက်ရည်ဆိုင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ ပူတာအိုနန်းတော် ဆောက်လုပ်ရေးကုမ္ဗဏီမှ ဆောက်လုပ်ရေးလုပ်ငန်း ဆောင်ရွက်နေသော လုပ်သားများ ကျန်းမာရေးဌာနမှ သတ်မှတ်ထားသော ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေးတို့ကို ကွင်းဆင်းသွားရောက်ကာ အသိပေး ပြောကြားခဲ့ကြခြင်းဖြစ်သည်။

အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် ပူတာအိုမြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဉက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိမ်းလေး၊ မြို့နယ်အဆင့်လုပ်ငန်းကော်မတီ အတွင်းရေးမှူး မြို့နယ်ကျန်းမာရေးမှူး ဦးကျော်မြင့်အောင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်ကိုလွင်နှင့် ဝန်ထမ်းများ ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။