Trending Now

ဘင်္ဂလားဒေ့ရှ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀၀၀ ကျော်ရှိလာ

Spread the love

ဘင်္ဂလားဒေ့ရှ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀၀၀ ကျော်ရှိလာ

EPN
နိုင်ငံတကာ၊ ဇွန် ၁၁

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀၀၀ ကျော်လာလို့ ကမ္ဘာ့သေဆုံးမှုအများဆုံးနိုင်ငံတွေထဲမှာ အဆင့် ၃၂ ရောက်လာပါတယ်။

သေဆုံးသူ ၅၀၀ ပြည့်ဖို့ နှစ်လလောက်ကြာခဲ့ပေမဲ့ နောက်ထပ် ၅၀၀ ကျော်သွားဖို့ ၂ ပတ်ကျော်ပဲကြာခဲ့တာပါ။

သေဆုံးသူ ၇၇ ရာခိုင်နှုန်းဟာ အမျိုးသားတွေဖြစ်ပါတယ်။ တောင်အာရှနိုင်ငံတွေထဲမှာ သေဆုံးသူအများဆုံးက အိန္ဒိယနိုင်ငံ ဖြစ်ပြီး လူ ၈၁၀၀ ကျော်သေဆုံးခဲ့တာပါ။

ပါကစ္စတန်မှာ သေဆုံးသူ ၂၂၀၀ ကျော်ရှိနေပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံကတော့ တတိယလိုက်နေပါတယ်။
ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၇၄,၈၆၅ ယောက်ထဲက ၁.၃၅ % သေဆုံးပြီး ပြန်သက်သာလာသူ ၂၁.၂၄ ရာခိုင်နှုန်း၊ ကုသမှုခံယူ နေရသူ ၇၇.၄၁ ရာခိုင်နှုန်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က တစ်နိုင်ငံလုံးက သံသယလူနာ ၁၅၉၆၅ ယောက်ကို စစ်ဆေးခဲ့ရာမှာ အယောက် ၃၉၁၀ ယောက်မှာ ဗိုင်းရပ်စ် ကူးစက်ခံနေရတယ်လို့ ဘင်္ဂလားဒေ့ရှ် ကျန်းမာရေး ဝန်ဆောင်မှုဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာန (DGHS)က ထုတ်ပြန် ပါတယ်။

Ref : 1,000-death tally compared with other countries


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။