Trending Now

ဖိလစ်ပိုင် ခေါင်းဆောင်သစ်က ပိုမိုအားကောင်းတဲ့ လေတပ်ကို မျက်စိကျနေ

Spread the love

ဖိလစ်ပိုင် ခေါင်းဆောင်သစ်က ပိုမိုအားကောင်းတဲ့ လေတပ်ကို မျက်စိကျနေ

EPN
နိုင်ငံတကာ၊ ဇူလှိုင် ၂

ဖိလစ်ပိုင်သမ္မတသစ် ဖာဒီနန်မားကို့စ် ဂျူနီယာက နယ်မြေအငြင်းပွားမှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ သူ့နိုင်ငံရဲ့ လေတပ်နဲ့ စောင့်ကြည့်ရေးစွမ်းရည်တွေကို ခေတ်မီအောင် လုပ်ဆောင်လိုတယ်လို့ ပြောပါတယ်။

ဖိလစ်ပိုင်သမ္မတသစ် ဖာဒီနန်မားကို့စ်က လူဇွန်ကျွန်းရှိ ကလာခ့် လေတပ်အခြေစိုက်စခန်းမှာ မနေ့က ကျမ်းသစ္စာကျိန်ဆိုပြီးနောက် မိန့်ခွန်းပြောကြားခဲ့ရာမှာ အခုလိုပြောဆိုလိုက်တာပါ။

မားကို့စ်က “ကျွန်တော်တို့ အချုပ်အခြာအာဏာကို ကာကွယ်ထိန်းသိမ်းနိုင်တဲ့ လေတပ်ကို ပိုမိုအားကောင်းပြီး ထိရောက်တဲ့ လေတပ်ဖြစ်ပေါ်လာဖို့ မျှော်မှန်းထားပါတယ်” လို့ ပြောပါတယ်။

ဖိလစ်ပိုင် နဲ့ တရုတ်နိုင်ငံတို့ဟာ တောင်တရုတ်ပင်လယ်ပြင် နယ်မြေတွေမှာ အငြင်းပွားမှုပြဿနာတွေ ရှိနေပြီး ရွေးကောက်တင်မြှေက်ခံရတဲ့ မားကို့စ်ကလည်း သူ့နိုင်ငံရဲ့ ရေကြောင်းပိုင်နက် အခွင့်အရေးတွေကို နင်းချေဖို့ ခွင့်မပြုဘူးလို့ သူက ပြောပါတယ်။

Source – NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။