Trending Now

ကုလသမဂ္ဂက စံချိန်တင် ပမာဏ ဒေါ်လာ ၅၁.၅ ဘီလီယံ တောင်းခံ

Spread the love

ကုလသမဂ္ဂက စံချိန်တင် ပမာဏ ဒေါ်လာ ၅၁.၅ ဘီလီယံ တောင်းခံ

EPN
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂

ကုလသမဂ္ဂက ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ထိခိုက်လွယ်သူတွေကို လူသားချင်းစာနာ ထောက်ထားမှုအကူအညီပေးအပ်နိုင်ရေးအတွက် စံချိန်တင် ပမာဏ ဒေါ်လာ ၅၁.၅ ဘီလီယံ လိုအပ်နေတယ်လို့ ကြာသာပတေးနေ့က ပြောဆိုလိုက်ပါတယ်။

၂၀၂၃ ခုနှစ်မှာ နိုင်ငံပေါင်း ၆၉ နိုင်ငံက အကူအညီလိုအပ်နေတဲ့ လူပေါင်း ၃၃၉ သန်းကို အကူအညီပေးအပ်နိုင်ရေးအတွက် စံချိန်တင် လိုအပ်နေတာဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးအဖွဲ့က ပြောပါတယ်။

“နိုင်ငံပေါင်း ၅၃ နိုင်ငံက အနည်းဆုံး လူ ၂၂၂ သန်းဟာ ၂၀၂၂ ခုနှစ်ကုန်မှာ အစာရေစာ မဖူလုံမှု ကြုံတွေ့ရလိမ့်မယ်” ကုလက ပြောကြားခဲ့ပြီး နိုင်ငံပေါင်း ၃၇ နိုင်ငံက လူဦးရေ ၄၅ သန်းအထိ ငတ်မွတ်ခေါင်းပါးမှု အန္တရာယ်ကို ရင်ဆိုင်ရဖွယ်ရှိတယ်လို့ ထည့်သွင်းပြောပါတယ်။

အမေရိကန် ဒေါ်လာ ၅၁.၅ ဘီလီယံ ပန်းတိုင်ဟာ ငတ်မွတ်ခေါင်းပါးမှုခံစားနေရသူတွအပြင် ကိုဗစ်ကြောင့် ဖြစ်ပွားနေတဲ့ နောက်ဆက်တွဲရောဂါတွေ၊ မျောက်ကျောက်၊ အီဘိုလာနဲ့ ကာလဝမ်းရောဂါ ဖြစ်ပွားနေတဲ့ ဒေသတွေကို အကူအညီပေးအပ်ရေးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကမ္ဘာတစ်ဝှမ်းက ပဋိပက္ခတွေကြောင့် ထိခိုက်ခံစားနေရသူတွေအတွက် အမိုးအကာ၊ စားနပ်ရိက္ခာ၊ မိခင်ကျန်းမာရေး၊ ကလေးအာဟာရ နဲ့ ကာကွယ်ရေးတွေ အပါအဝင် လူပေါင်း သန်း ၂၃၀ ရဲ့ အသက်ကို ကယ်တင်ထောက်ပံနိုင်ဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။