Trending Now

ဗိုလ်ချုပ်ကြီး(ဟောင်း)ခင်ညွှန့် လမ်းညွှန်ချက်ဖြင့် တည်ဆောက်ခဲ့သည့် မဟာဗန္ဓုလရုပ်ထုရှိ မဟာဗန္ဓုလဓါး ပျောက်ဆုံး

Spread the love

ဗိုလ်ချုပ်ကြီး(ဟောင်း)ခင်ညွှန့် လမ်းညွှန်ချက်ဖြင့် တည်ဆောက်ခဲ့သည့် မဟာဗန္ဓုလရုပ်ထုရှိ မဟာဗန္ဓုလဓါး ပျောက်ဆုံး
 

EPN
မကွေး၊ မတ် – ၂၀

မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့ရှိ ဗိုလ်ချုပ်ကြီး(ဟောင်း)ခင်ညွှန့် လမ်းညွှန်ချက်ဖြင့် တည်ဆောက်ခဲ့ သည့် မဟာဗန္ဓုလရုပ်ထု၌ရှိသည့် မဟာဗန္ဓုလဓါး ပျောက်ဆုံးနေပါတယ်။

အဆိုပါ မဟာဗန္ဓုလဗိမာန်နှင့် ရုပ်ထုကို ဗိုလ်ချုပ်ကြီး(ဟောင်း)ခင်ညွှန့် တာဝန်ထမ်းဆောင်စဉ် ၂၀၀၃ ခုနှစ် အတွင်းက တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ မဟာဗန္ဓုလဗိမာန်၌ ဗိမာန်နှင့်ပတ်သက်၍ သမိုင်းအချက်အလက်ကို ဖော်ပြထားရာ၌ ၁၀၈၆ ခုနှစ်၊ နှောင်းတန်ခူးလဆန်း(၁၄)ရက်၊ ပထမအင်္ဂလိပ်-မြန်မာ တိုက်ပွဲ၌ ဓနုဖြူခံတပ်တိုက်ပွဲတွင် စစ်သူကြီးမဟာဗန္ဓုလသည် ရဲစွမ်းသတ္တိပြောင်မြောက်စွာ တာဝန်ထမ်းဆောင်ရင်း အမြှောက်ကျည် ထိမှန်၍ ကျဆုံးခဲ့ပြီးနောက် ၎င်း၏ ရုပ်အလောင်းကို ဓနုဖြူခံတပ်၌ မီးသဂြိုလ်ခဲ့ပါတယ်။

ထို့နောက် ရဲမက်များက မဟာဗန္ဓုလ၏ အရိုးပြာကို ရွှေအိုးဖြင့် ကောက်ယူခဲ့ပြီးနောက် အထက်မင်းလှမြို့နယ် မလွန်စခန်းသို့ ရောက်ရှိခဲ့စဉ်ဗိုလ်မှူးမင်းရဲခေါင်က တာဝန်ယူ၍ အရိုးအိုးကို ယာယီဂူသွင်းထိန်း သိမ်းထားခဲ့ပါ တယ်။ ထို့နောက် နေပြည်တော်မှ တပ်များ အမြန်ဆုတ်ခွာရန် အမိန့်ကျလာသဖြင့် အရိုးဂူမှာ မလွန်၌ ကျန်ရစ်ခဲ့ပြီး မင်းလှခံတပ်မှ ဗလမင်းထင်နှင့်အခြားဗိုလ်မှူးများက အရိုးဂူကို မပျက်စီးစေရန် ဂူပေါ်၌ စေတီတည်ခဲ့ကြောင်း မဟာဗန္ဓုလ၏ ဗိမာန်အတွင်းရှိ ကျောက်စာ၌ ဖော်ပြထားပါတယ်။

ထို့နောက် မူလ မလွန်အနီးရှိ ခွေးလင်ဗန်းချောင်းကမ်းပြိုကျမှုကြောင့် ၁၉၆၄ ခုနှစ်တွင် ရှေးသုဌာနမှ အရိုးအိုးကို ပြန်လည်တူးဖော်ခဲ့ပြီး မလွန်မြသပိတ်ကုန်းစောင်းတန်းတောင်ဘက်ဘေးတွင် လက်ရှိမဟာဗန္ဓုလဗိမာန်ကို တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်၌ မဟာဗန္ဓုလရုပ်ထု၏ ဗဟာဗန္ဓုလဓါး ပြန်လည်အစားထိုးရန် ပြန်လည်ပြင်ဆင်ရန် မြို့နယ်အုပ် ချုပ်ရေးအဖွဲ့များ၊ ရှေ့ဟောင်းသုတေသနအဖွဲ့များအပါအဝင် တိုင်းအစိုးရအဖွဲ့မှ ပြန်လည်ပြင်ဆင်ခြင်းမရှိ ကြောင်း ဒေသခံများက ပြောဆိုနေကြပါတယ်။

သက်နောင်(မင်းလှ)

#မဟာဗန္ဓုလ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။