Trending Now

မြစ်ကြီးနားတွင် ပူတာအို ဒေသထွက် ဂရိတ်ဖုသီးများ ဈေးကောင်းရရှိနေ

Spread the love

မြစ်ကြီးနားတွင် ပူတာအို ဒေသထွက် ဂရိတ်ဖုသီးများ ဈေးကောင်းရရှိနေ

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၁ (၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ပူတာအို ဒေသထွက် ဂရိတ်ဖုသီးများ ဈေးကောင်းရရှိနေကြောင်း ဈေးသည်များထံမှ သိရသည်။

မြစ်ကြီးနားမြို့တွင် ရောင်းချနေသော ဂရိတ်ဖုသီးများမှာ ပူတာအိုမြို့မှတဆင့် ဝယ်ယူနေရပြီး လက်ရှိတွင် ပူတာအိုတွင်လည်း ဂရိတ်ဖုသီး တစ်လုံးလျင် ၃၀၀ ကျပ်မှ ၅၀၀ ကျပ်အထိ ဈေးမြင့်တက်နေသည့်အတွက် ဖောက်သည်ဈေး ၅၀၀ကျပ်ဖြင့်ဝယ်ယူပြီး မြစ်ကြီးနားတွင် ဂရိတ်ဖုတစ်လုံးလျင် ၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်အထိ ရောင်းချရခြင်းဖြစ်ကြောင်း မြစ်ကြီးနားမြို့ ဈေးသည်တစ်ဦးထံမှ သိရသည်။

” ဒီလအစောပိုင်းကစပြီး ဈေးကောင်းနေတာ ဟုတ်တယ်။ ဒီကအသီးတွေက ပူတာအိုဘက်ကပဲ ဝယ်ယူရောင်းနေတာများတယ်။ အခုပူတာအိုမှာ ဂရိတ်ဖု တစ်လုံး ၅၀၀ ဖြစ်သွားပြီ။ ကျွန်မတို့က ဖောက်သည်ဈေး ၅၀၀ နဲ့ဝယ်တော့ ဒီကြားသယ်ယူစရိတ်တွေ ထည့်တွက်လိုက်ရင် တစ်လုံး ၁၀၀၀ လောက် ရောင်းမှ အဆင်ပြေတာပါ။ အစကတော့ တစ်လုံး ၆၀၀၊ ၇၀၀ ပဲရှိတယ်။ အခုကမရတော့ဘူး ” ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ ပူတာအိုဒေသထွက် ဂရိတ်ဖုအသီးများ ဈေးကောင်းလာရခြင်းမှာ ပူတာအိုတွင်လည်း အသီးများရှားပါးလာပြီး၊ ရောင်းချပေးသူများ နည်းပါးလာရခြင်းကြောင့်ဖြစ်ကြောင်း ဈေးသည်များထံမှ သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။