Trending Now

ကချင်ပြည်နယ်တွင် နောက် ၂၄ နာရီအတွင်း မိုးကြီးနိုင်

Spread the love

ကချင်ပြည်နယ်တွင် နောက် ၂၄ နာရီအတွင်း မိုးကြီးနိုင်

EPN
မြစ်ကြီးနား၊ သြဂုတ် ၂၆

ကချင်ပြည်နယ် မြစ်ကြီးနား၊ နမ္မတီး၊ မံစီ၊ ဗန်းမော်၊ မိုးညှင်း၊ နန့်စီအောင်၊ လိုင်ဇာ၊ ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့်တို့တွင် နောက် ၂၄ နာရီးအတွင်း မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း မိုးလေဝသ ပညာရှင်များက သတိပေးထားသည်။

အထူးသဖြင့် ဗန်းမော်ခရိုင်တွင် မိုးရေချိန် ၅ လက်မခန့် ရွာသွန်းနိုင်ပြီး ရေကြီးနစ်မြုပ်နိုင်သည့် အန္တရာယ်ရှိနေကြောင်း သတိပေးထားသည်။

တရုတ်ပင်လယ်တွင် တိုက်ခတ်ခဲ့သည့် Ma-on မုန်တိုင်းအကြွင်းအကျန်တိမ်တိုက်များကြောင့် ဩဂုတ်လ၊ (၂၆) ရက်နှင့် (၂၇) နေ့များတွင် မြန်မာနိုင်ငံအနှံအပြားတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသ ဌာနက သတိပေးထားသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။