Trending Now
Spread the love

မြောက်ကိုရီးယား သူလျှိုဂြိုလ်တု ပစ်လွှတ်မှု မအောင်မြင်ဘဲ ပင်လယ်ထဲသို့ ဒုံးကျည် ကျရောက်ခဲ့

EPN နိုင်ငံတကာ၊ မေ ၃၁

နိုင်ငံ၏ ပထမဆုံးသော သူလျှိုဂြိုဟ်တုကို ဗုဒ္ဓဟူးနေ့က အာကာသသို့ လွတ်တင်ရန် မြောက်ကိုရီးယား၏ ကြိုးပမ်းမှုသည် မအောင်မြင်ခဲ့ဘဲ ပင်လယ်ပြင်ထဲကို ကျရောက်ခဲ့သည်။

မြောက်ကိုရီးယားသည် ၎င်း၏ ဒုံးပျံလွှတ်တင်မှုတွင် မှားယွင်းနေသည်ကို သိရှိရသည့်အတွက် ဒုံးကျည်ပျက်ကျမှုကို ဝန်ခံခဲ့ပြီးနောက် ဒုတိယအကြိမ် လွှတ်တင်ရန် ကတိပြုခဲ့သည်။

သံတမန်ရေး ရပ်တန့်နေချိန်တွင် ကင်ဂျုံအွန်သည် ဝါရှင်တန်နှင့် ဆိုးလ်အပေါ် ဖိအားများ ပိုမိုသက်ရောက်စေရန်အတွက် နိုင်ငံ၏ လက်နက်စွမ်းရည်များကို တိုးချဲ့ရန် စိတ်ပိုင်းဖြတ်ထားဆဲဖြစ်သည်။

တောင်ကိုရီးယားနှင့် ဂျပန်တို့က ဒုံးကျည်ပစ်လွှတ်စဉ်အတွင်း အန္တရယ်ရှိသည့် ဒေသတွင် နေထိုင်သူများကို လုံခြုံသည့်နေရာတွင် ခေတ္တ ခိုလှုံရန် တိုက်တွန်းခဲ့သည်။

Eocheongdo ကျွန်း၏ အနောက်တောင်ဘက် ကီလိုမီတာ ၂၀၀ (၁၂၄ မိုင်) အကွာ ရေပြင်တွင် မြောက်ကိုရီးယား ဒုံးပျံအစိတ်အပိုင်းဟု ယူဆရသည့် အရာတစ်ခုကို ဆယ်ယူနိုင်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောသည်။

နောက်ပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာနမှ သံသယရှိသော ဒုံးပျံအစိတ်အပိုင်းဟု ဖော်ပြထားသည့် အဖြူရောင် သတ္တုဆလင်ဒါ၏ ဓာတ်ပုံများကို ထုတ်ပြန်ခဲ့သည်။

ပဲ့ထိန်းနည်းပညာကိုအခြေခံ၍ မည်သည့်ဒုံးကျည်ကိုမဆို လွှတ်တင်ခြင်းမပြုရန် တားမြစ်ထားသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို မြောက်ကိုရီးယားက ချိုးဖောက်ခြင်းဖြစ်သည်ဟု ဆိုသည်။

Ref ; AP


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။