Trending Now

ဧရာဝတီတိုင်းမှ ရန်ကုန်သို့ ကုန်စည်သယ်ယူမှုလျော့ နည်းလာခြင်းကြောင့် ဆန်နှင့်စပါးသီးသန့်တင်ဆောင် ပြေးဆွဲသည့် ယာဉ်များ လျော့ချပြေးဆွဲ

Spread the love

ဧရာဝတီတိုင်းမှ ရန်ကုန်သို့ ကုန်စည်သယ်ယူမှုလျော့ နည်းလာခြင်းကြောင့် ဆန်နှင့်စပါးသီးသန့်တင်ဆောင် ပြေးဆွဲသည့် ယာဉ်များ လျော့ချပြေးဆွဲ
EPN
ပုသိမ် ၊ စက်တင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီးမှ ရန်ကုန်မြို့သို့ စပါးနှင့် ဆန်အိတ်များ သီးသန့်တင်ဆောင်ပြေးဆွဲသည့်ကုန်တင် ကားအစီးရေ ၄၀ ကျော်ရှိခဲ့သော်လည်း ကုန်စည်စီးဆင်းမှု တစ်ဖြည်းဖြည်းလျော့နည်းလာခြင်းကြောင့် ကားအစီးရေ ၃၀ ခန့် လျော့ချပြေးဆွဲလာရကြောင်း ပုဂ္ဂလိကမော်တော်ယာဉ်များပြေးဆွဲရေးအဖွဲ့မှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီးမှ ရန်ကုန်မြို့သို့ ယခင်က စပါးနှင့် ဆန်အိတ်များ သီးသန့် တင်ဆောင်ပြေးဆွဲသည့်ကားအစီး ရေ ၄၁ စီးအထိရှိခဲ့ပြီး သြဂုတ်လ ဒုတိယအပတ်မှစတင် ကာ ကုန်စည်သယ်ယူတင်ဆောင်ရမှုတစ်ဖြည်းဖြည်းလျော့ကျလာခြင်းကြောင့် လက်ရှိ စပါးနှင့်ဆန်အိတ်များ သီးသန့်တင်ဆောင်ပြေးဆွဲသည့်ကား အစီးရေ ၁၁ စီးခန့် သာပြေးဆွဲရတော့ကြောင်း သိရသည်။
”ဧရာဝတီတိုင်းကနေ ရန်ကုန် ဈေးကွက်ကို စပါးနဲ့ ဆန်း တွေတင်ပို့ရောင်းချတဲ့တစ်ရက်နဲ့ တစ်ရက် သိသိသာသာကိုလျော့ကျ သွားပါတယ် ၊ နိုင်ငံရေး အကျပ်အတည်းတွေနဲ့ စီးပွားရေး ကျဆင်းလာမှုတွေ ကြောင့် ကုန်စည် စီးဆင်းမှုအားနည်းလာပြီး ကုန်ဈေးကုန်တွေ အဆမတန်မြင့်တက်လာလို့ အခုလို့ ကုန်တင်ကားတွေလျော့ကျပြေးဆွဲရတဲ့အထိဖြစ်သွားတာ ၊ စက်သုံးဆီဈေးက တက်တယ် ကုန်တင်ကားနဲ့ တင်တဲ့အခါ ကားတန်ဆာခ များလာတယ် ၊ ရေလမ်းကြောင့် ကုန်တင်ရေယာဉ်နဲ့ တင်တဲ့အခါ စက်သုံးဆီဈေး တက် ပေမယ့် ကုန်များများတင်လို့ရတယ် ဒါ့ကြောင့် ကုန်သည်တွေက ရေလမ်းကြောင်း ဘက်ကို အဓိကထား အားကိုးလာတယ် ဒီလိုအခြေအနေကြောင့် ကားသမား တွေ ငုတ်တုတ်မေ့ကုန်တယ် ။”ဟု ပုဂ္ဂလိကမော်တော် ယာဉ်များပြေးဆွဲနေသူတစ်ဦးကပြောသည်။
ဧရာဝတီတိုင်းဒေသကြီးမှ ရန်ကုန်မြို့သို့ စပါးနှင့်ဆန်အိတ် များတင်ဆောင်ပြေးဆွဲနေသည့် ကုန်တင်ကားများကုန်စည် စီးဆင်းမှုလျော့နည်းလာခြင်းကြောင့် ကုန်တင်ကားပြေးဆွဲ မှုလျော့နည်းလာသည့်အပြင် ဆား ၊ ငါးခြောက်၊ ကွမ်းသီး စသည့် ဒေသထွက်ကုန် အမျိုးမျိုး၊ ငှက်ပျော ၊ ငါး ၊ ပုဇွန် ၊ ဂဏန်း ၊ ငါးရှဉ့် စသည့်ရေထွက် ကုန်အမျိုးအမျိုး ၊ ကြက်သွန် နှင့် စားအုန်းဆီစသည့်စားသောက်ကုန် အမျိုးအမျိုး ၊ အဝတ်အထည်နှင့်အခြားလူသုံးကုန်ပစ္စည်း အမျိုးအမျိုး တင်ဆောင်ပြေးဆွဲနေသည့် ကုန်တင်ကားများလည်း ကုန်စည်တင်ပို့သယ်ယူမှုလျော့ကျလာမှုကြောင့် ကား အစီးရေ လျော့ချပြေးဆွဲလာဖွယ်ရှိကြောင်း သိရသည်။
သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။