Trending Now

ကျောက်မဲမြို့၊ နမ့်လန်မြို့၊ ခိုလမ်မြို့ နှင့် လှည်းကူးမြို့တို့၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Spread the love

ကျောက်မဲမြို့၊ နမ့်လန်မြို့၊ ခိုလမ်မြို့ နှင့် လှည်းကူးမြို့တို့၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

EPN
နေပြည်တော်၊ အောက်တိုဘာ ၁၁ (၂၀၂၃)

ကျောက်မဲမြို့၊ နမ့်လန်မြို့၊ ခိုလမ်မြို့ နှင့် လှည်းကူးမြို့တို့၌ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီမှ နယ်မြေခံ ဆေးကုသရေးအဖွဲ့များက အောက်တိုဘာ ၁၀ ရက်နေ့တွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ မြို့နယ်များမှ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ၊ ဒေသခံပြည်သူများအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၁၀ ရက်နေ့တွင် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့ရှိ မိုးကောင်း သန္တကာမီသီလရှင်ကျောင်းနှင့် နမ့်လန်မြို့ရှိ မဟာမြတ်မုနိဘုရားကြီး ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော် ၄၅ ပါးနှင့် သာသနာနွယ်ဝင် သီလရှင် ၁၀၆ ပါးတို့ကို ကျန်းမာရေး စစ်ဆေးကုသပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ခိုလမ်မြို့ရှိ ဘုန်းတော်ကြီးကျောင်းများမှ စာသင်သား သံဃာတော် ၁၃၃ ပါး တို့ကိုလည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကု သရေးအဖွဲ့က ရန်ကုန်တိုင်း ဒေသကြီး၊ လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ ဥတိုကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၁၁၇ ဦးတို့ကို လည်းကောင်း သတ်မှတ်နေရာ အသီးသီး၌ လိုအပ်သည့် ကျန်းမာရေးစစ် ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။

ယင်းသို့ ဆောင်ရွက်ပေးရာတွင် မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ အရိုးအကြောရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်း ဆိုင်ရာရောဂါ၊ ငှက်ဖျားရောဂါ၊ သားဖွားမီးယပ် ရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး၊ ECG၊ Ultrasound စက်တို့ဖြင့် ရောဂါရှာဖွေ စမ်းသပ်ခြင်းတို့ကို ဆောင်ရွက်ပေးကာ ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူများကို နယ်မြေခံ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ဆာကူရာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။