Trending Now

အိန္ဒိယနိုင်ငံ မဟာရတ်ရှ်ထရာပြည်နယ်တွင် ၂၄ နာရီအတွင်း ရဲတပ်ဖွဲ့ ၉၃ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ

Spread the love

အိန္ဒိယနိုင်ငံ မဟာရတ်ရှ်ထရာပြည်နယ်တွင် ၂၄ နာရီအတွင်း ရဲတပ်ဖွဲ့ ၉၃ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ

EPN
နိုင်ငံတကာ၊ ဇွန် ၁

အိန္ဒိယနိုင်ငံ၊ မဟာရတ်ရှ်ထရာပြည်နယ်တွင် ပြီးခဲ့သော ၂၄ နာရီအတွင်း ရဲတပ်ဖွဲ့ ၉၃ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က ပြောကြားသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် ရဲတပ်ဖွဲ့ဝင် ၉၃ ဉီးအနက် ရှစ်ဉီးမှာ အရာရှိများဖြစ်သည်။ မဟာ ရတ်ရှ်ထရာပြည်နယ်တွင် လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် ရဲတပ်ဖွဲ့ဝင် အရေအတွက် စုစု ပေါင်းမှာ ၂၅၀၉ ဦး ဖြစ်သည်။

မဟာရတ်ရှ်ထရာပြည်နယ်တွင် လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရဲတပ်ဖွဲ့ဝင် ၂၇ ဦး သေဆုံးခဲ့ပြီ ဟု သိရသည်။

မဟာရတ်ရှ်ထရာပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆက်လက်မြင့်တက်နေပြီး ဓာတ်ခွဲအတည်ပြု ကူးစက်မှု စုစုပေါင်း ၆၇၆၅၅ အထိ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၁၉၁၀၀၀ ကျော်၊ ပိုးကင်းစင်သူ ၉၁၈၁၉ ဦး နှင့် သေဆုံးသူ ၅၃၉၄ ဦးရှိကြောင်း သိရသည်။

–ကိုးကား–
အေအင်န်အိုင်နယူးစ်
Ref; 93 more Maharashtra police personnel test positive for COVID-19


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။