Trending Now

ရှမ်းပြည်နယ်တွင် အမျိုးသားတစ်ဦးထံမှ  ငွေကျပ် တစ်ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ 

Spread the love

ရှမ်းပြည်နယ်တွင် အမျိုးသားတစ်ဦးထံမှ  ငွေကျပ် တစ်ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၂၉(၂၀၂၄)

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် အမျိုးသားတစ်ဦးထံမှ  ငွေကျပ် တစ်ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဇန်နဝါရီ ၂၃ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သက်ဆိုင်ရာ မူးယစ်ဆေးဝါးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်ရှိ စိုင်းဆွေဆိုင်း၏ နေအိမ်ကို မူးယစ်သတင်းအရရှာဖွေရာ နေအိမ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒဿမ ၀၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၀ သိန်း၊ အိုက်စ် (မက်သ်အဖက်တမင်း) ၂၃ ကီလို၊ ဘိန်းစိမ်း ၇၅ ကီလိုနှင့် TOYOTA LANDCRUISER PRADO မော်တော်ယာဉ်တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးရမိသူအား စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် အိုက်စ် (မက်သ်အဖက်တမင်း)များအား ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်မှ လည်းကောင်း၊ ဘိန်းစိမ်းများအား မိုင်းပျဉ်းမြို့နယ်မှ လည်းကောင်း၊ တာချီလိတ်မြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးကိစ္စနှင့် ပတ်သက်၍ စိုင်းဆွေဆိုင်းအား သက် ဆိုင်ရာ ရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ ဥပဒေဖြင့် အမှုဖွင့်အရေးယူထားလျက်ရှိပြီး၊ ကွင်းဆက်များကိုလည်း စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

အယ်လီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။