Trending Now

ကချင်အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဌကြီး သီရိပျံချီ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှူးထားကာ သံဃာအပါး ၁၀၀၀ ကို နေဆွမ်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း

Spread the love

ကချင်အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဌကြီး သီရိပျံချီ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှူးထားကာ သံဃာအပါး ၁၀၀၀ ကို နေဆွမ်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း

 

EPN

မြစ်ကြီးနား၊ ဩဂုတ် ၂၁

ကချင်အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဌကြီး သီရိပျံချီ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှူးထားကာ မြစ်ကြီးနားမြို့၊ ဆက်ဆံရေးရုံးမိသားစုဝင်များက မန္တလေးမြို့၊ ဦးပွားဆုတောင်းပြည့်ကျောင်းတိုက်၊ သာသနဝိပုလ သိမ်တော်ကြီးတွင် ဩဂုတ်လ ၁၉ ရက်နေ့၊ နံနက် ၉ နာရီအချိန်က သံဃာအပါး ၁၀၀၀ ကို နေဆွမ်းနှင့် ဝတ္ထုငွေ များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားဆက်ဆံရေးရုံး မိသားစုဝင်များဖြစ်ကြသည့် ဦးခင်မောင်ကျော်၊ ဦးယော်ယိန်း၊ ဦးတွမ်ပီချင်း၊ ဦးအားမြင့်၊ ဦးအောင်ရင်၊ ဦးရဲလင်းထွန်း၊ ဦးငွါးဆာ စသည့် မိသားစုဝင်များက မန္တလေးမြို့၊ ဦးပွားဆုတောင်းပြည့်ကျောင်းတိုက်၊ သာသနာဝိပုလ သိမ်တော်ကြီးတွင် ဘုရားကြီးတိုက် အပါး (၇၀၀) ခန့်၊ ဓမ္မဓရ ဝါဆိုကျောင်းတိုက်မှ အပါး (၁၅၀) ခန့်၊ ဓမ္မိကာရာမကျောင်းတိုက် (ဘိုကျောင်း) မှ အပါး (၁၅၀) ခန့်ရှိ ကျောင်းတိုက် ဆရာတော်ကြီးများနှင့် သံဃာတော်များအတွက် နေ့ဆွမ်းနှင့် ဝတ္ထုငွေများဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဲ့ဒီနောက် ဒက္ခိဏာရာမ ဘုရားကြီးတိုက် သာသန ဇောတိကာရုံကျောင်း ဆရာတော်၊ ဒက္ခိဏာရာမ ဘုရားကြီးတိုက် သမ္မုတိဆရာတော်၊ မန္တလေးတိုင်း၊ သံဃ မဟာနာယက အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တဝါသဝ မှ တရားတော်များ ချီးမြှင့်ပေးခဲ့ပြီး၊ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းမှုတွင် သံဃာအပါး (၁၀၀၀) အား နေ့ဆွမ်းဆက်ကပ်ခြင်း၊ ဝတ္ထုငွေများ ဆက်ကပ်ခြင်း၊ ဝေယျာဝစ္စအဖွဲ့များအား လှူဒါန်းခြင်းအတွက် စုစုပေါင်း လှူဒါန်းတွေ ကျပ်သိန်း (၁၇၀) ကျော် ကုန်ကျခံကာ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ဩဂုတ်လ (၁၈) ရက်နေ့ကလည်း မန္တလေးမြို့၊ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးတွင် ကျပ် (၅) သိန်း တန်ဖိုးရှိသည့် ရွှေသင်္ကန်းများကိုလည်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဗညားနွဲ့

 

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။