Trending Now

မိုင်းနောင်တွင် ပျံကျဈေးသည်များအတွက် ဈေးနေရာ ကြိုတင်စီမံထား

Spread the love

မိုင်းနောင်တွင် ပျံကျဈေးသည်များအတွက် ဈေးနေရာ ကြိုတင်စီမံထား 

EPN
အင်းတော်ကြီး၊ ဧပြီ ၁၈

COVID 19 ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ၊ မိုင်းနောင်ကျေးရွာတွင် ယနေ့နံနက်ပိုင်းကစတင်၍ ပျံကျဈေးသည်များအတွက် ဈေးနေရာကြိုတင်စီမံထားပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါပျံကျဈေးနေရာကို အ.ထ.က(မိုင်းနောင်)ကျောင်းဘောလုံးကွင်းတွင် ယနေ့ ဧပြီ လ ၁၈ရက်နေ့၊ နံနက်ပိုင်းက စီစဉ်ထားရှိပြီး ဈေးသည်များကိုလည်း စနစ်တကျ နေရာချမှတ်ပေးသွားမည်ဟု မိုင်းနောင် ကိုဗစ်နိုင်တင်း ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ ဦးသက်နိုင်က ပြောသည်။

“အဝင်အထွက်နေရာတွေမှ ဆိုင်ကယ်ထားမယ့်နေရာတွေ၊ လက်ဆေးကန်တွေ၊ အမှိုက်တွေ စနစ်တကျစွန့်ပစ်ဖိုအတွက် အမိုက်တွေထားပေးထားမယ်၊ ဈေးရောင်း၊ ဈေးဝယ်များအားလုံး Mask တပ်ကြဖို့ မတတ်ရင် အရေးယူဖို့ ဆောင်ရွက်သွားပါမယ်” ဟု ဦးသက်နိုင်က ဆိုသည်။

အဆိုပါ ပျံကျယာယီဈေးတန်းကို ဧပြီလ ၂၀ ရက်နေ့မှ စတင်ရောင်းချခွင့်ပြုသွားမည်ဖြစ်ကြောင်း မိုင်းနောင်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်က ပြောပြသည်။

“ဒီနေ့ပဲ ဈေးနေရာ အကွက်ချ စီစဉ်ပေးထားတယ်၊ မနက်ဖြန် ဈေးသည် ဦးရေ စာရင်းကောက်ယူပြီး သား၊ ငါး ဈေးတန်း၊ ဟင်းသီးဟင်းရွက် ဈေးတန်းဆိုပြီး နေရာတကျ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ဦးစိုးမြင့်က ဆိုသည်။

အဆိုပါ ပျံကျယာယီဈေးတန်းကို အ.ထ.က(မိုင်းနောင်)ကျောင်းဘောလုံးကွင်း၌ ဈေးလမ်းအကျယ် ၁၅ပေ၊ ဈေးဆိုင်ခန်း ၆ပေ ခန်း ၆ပေ ခြား ထားပြီး ဈေးဝယ်သူများကို ၃ပေ အကွာမှ ဝယ်ယူနိုင်အောင် ဆောင်ရွက် ထားကြောင်း သိရသည်။

နေကြာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။