Trending Now

တူရကီသမ္မတ အာဒိုဂန် ရုရှားနိုင်ငံကို သွားရောက်ကာ ပူတင်းနဲ့ ကောက်ပဲသီးနှံဆိုင်ရာ သဘောတူညီချက်ကို ဆွေးနွေးဖွယ်ရှိ

Spread the love

တူရကီသမ္မတ အာဒိုဂန် ရုရှားနိုင်ငံကို သွားရောက်ကာ ပူတင်းနဲ့ ကောက်ပဲသီးနှံဆိုင်ရာ သဘောတူညီချက်ကို ဆွေးနွေးဖွယ်ရှိ

EPN
နိုင်ငံတကာ၊ သြဂုတ် ၂၉

တူရကီသမ္မတ အာဒိုဂန်ဟာ ပင်လယ်နက်ကတဆင့် ယူကရိန်းကောက်ပဲသီးနှံတင်ပို့ခွင့်ပြုထားတဲ့ သဘောတူညီချက်ကို ပြန်လည်အကောင်အထည်ဖော်ဖို့အတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ သွားရောက်တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။

အာဒိုဂန်ဟာ ရုရှားနိုင်ငံတောင်ပိုင်း ဆိုချီမြို့ကို မကြာခင်သွားရောက်လည်ပတ်ဖို့ ရှိနေကြောင်း တူရကီအာဏာရပါတီ တရားမျှတရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူက တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။

သဘောတူညီချက်နဲ့ ပတ်သက်တဲ့တိုးတက်မှုအဆင့်သစ်တွေ ရှိလာနိုင်တယ်လို့ ပြောရေးဆိုခွင့်ရှိသူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

တူရကီနဲ့ ကုလသမဂ္ဂတို့ ကြားဝင်စေ့စပ်ထားတဲ့ ရုရှားနိုင်ငံက နုတ်ထွက်ခဲ့တဲ့ ဇူလိုင်လကတည်းက ကမ္ဘာ့ စားနပ်ရိက္ခာ အကျပ်အတည်း ဖြစ်လာနိုင်တဲ့အတွက် စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

ရုရှားဘက်က ပြောရေးဆိုခွင့်ရှိသူ ဒစ်မစ်ထရီ ပတ်စ်ကော့ဗ် ကလည်း ပူတင်းနဲ့ အာဒိုဂန်တို့ မကြာခင်တွေ့ဆုံဖို့ရှိနေတယ်လို့ တနင်္လာနေ့က သတင်းထောက်တွေကို ပြောကြားခဲ့ပြီး အချိန်တန်ရင် တရာဝင်းကြေညာသွားမယ်လို့ သူက ပြောပါတယ်။

ပတ်စ်ကော့ဗ်က ရုရှားနိုင်ငံက လယ်ယာထွက်ကုန်တွေကို ချော့မွေစွာတင်ပို့နိုင်ဖို့ သေခြာစေရမယ်လို့ ထပ်လောင်းပြောကြားခဲ့ပြီး ယူကရိန်းစပါးတင်ပို့မှုပြန်လည်စတင်ခြင်းဟာ ရုရှားဘက်က တောင်းဆိုထားတဲ့ အချက်အလက်တွေ ပြည့်စုံခြင်းရှိမရှိအပေါ် မူတည်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။

Ref; NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။