Trending Now

မြောက်ကိုရီးယားနျူကလီးယားစမ်းသပ်ကွင်းမှာ ဥမင်လိုဏ်ခေါင်းတချို့ကို ပြန်လည်အသုံးပြုမယ့် လှုပ်ရှားမှုမျိုး တွေ့ရှိရကြောင်း တောင်ကိုရီးယားပြော

Spread the love

မြောက်ကိုရီးယားနျူကလီးယားစမ်းသပ်ကွင်းမှာ ဥမင်လိုဏ်ခေါင်းတချို့ကို ပြန်လည်အသုံးပြုမယ့် လှုပ်ရှားမှုမျိုး တွေ့ရှိရကြောင်း တောင်ကိုရီးယားပြော

EPN
နိုင်ငံတကာ၊ မတ် ၁၂

မြောက်ကိုရီးယားနိုင်ငံက ၂၀၁၈ ခုနှစ်က ပိတ်ပစ်ခဲ့တဲ့ မြေအောက်ဥမင်လိုဏ်ခေါင်းတချို့ကို ပြန်လည်အသုံးပြု ဖို့ နျူကလီးယားစမ်းသပ်ကွင်းမှာ လှုပ်ရှားမှုတွေလုပ်နေတာကို စုံစမ်းထောက်လှမ်းသိရှိခဲ့တယ်လို့ တောင်ကိုရီး ယားစစ်ဘက်က မတ်လ ၁၁ ရက်နေ့က ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ၂၀၁၇ ခုနှစ်ကတည်းက နျူကလီးယားဗုံးစမ်းသပ်ဖောက်ခွဲမှုတွေ ဒါမှမဟုတ် တိုက် ချင်းပစ်ပဲ့ထိန်းဒုံးကျည်တွေ စမ်းသပ်ပစ်ခတ်မှုတွေကို မလုပ်တော့ပေမဲ့ အမေရိကန်ပြည်ထောင်စုနဲ့ နျူကလီး ယားဖျက်သိမ်းရေးဆွေးနွေးပွဲရပ်တန့်သွားပြီးတဲ့နောက်မှာ အဲဒီလိုစမ်းသပ်ပစ်ခတ်မှုတွေကို ပြန်လည်ဆောင် ရွက်လာနိုင်တယ်လို့ မြောက်ကိုရီးယားအစိုးရက ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ၎င်းတို့ရဲ့ ပန်ဂီရီ နျူကလီးယားစမ်းသပ်ကွင်းမှာ မြေအောက်ဥမင်လိုဏ်ခေါင်းတချို့ ကို ၂၀၁၈ ခုနှစ်မှာ ဖောက်ခွဲဖျက်ဆီးပစ်ခဲ့ပါတယ်။

“၂၀၁၈ ခုနှစ်မှာ ဖောက်ခွဲဖျက်ဆီးခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံက ပန်ဂီရီ နျူကလီးယားစမ်းသပ်ကွင်းက မြေ အောက်ဥမင်လိုဏ်ခေါင်းတချို့ကို ပြန်လည်အသုံးပြုဖို့ ဆောင်ရွက်နေတာကို စုံစမ်းသိရှိရပါတယ်။” လို့ တောင် ကိုရီးယားစစ်ဘက်က ထုတ်ပြန်ကြေညာချက်ထဲမှာ ထည့်သွင်းပြောဆိုသွားပါတယ်။

တောင်ကိုရီးယားစစ်ဘက် ဟာ မြောက်ကိုရီးယားရဲ့ဆောင်ရွက်မှုအသေးစိတ်ကိုတော့ ထည့်သွင်းပြောဆိုသွား တာမရှိပါဘူး။ မြောက်ကိုရီးယားနိုင်ငံရဲ့ဆောင်ရွက်ချက်တွေကို စောင့်ကြည့်ဖို့အတွက် အမေရိကန်မဟာ မိတ်နိုင်ငံတွေနဲ့အတူ ရင်းရင်းနှီးနှီး ပူးပေါင်းဆောင်ရွက်နေတယ်လို့ ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါ တယ်။

အမျိုးသားလုံခြုံရေးကောင်စီက ပန်ဂီရီ နျူကလီးယားစမ်းသပ်ကွင်းနဲ့ ယောင်ဗျွန်းမှာရှိတဲ့ နျူကလီးယားဓာတ် ပေါင်းဖိုကို အနီးကပ်စောင့်ကြည့်နေတယ်လို့ တနင်္ဂနွေနေ့က ပြောကြားပြီးတဲ့နောက်မှာ အခုထုတ်ပြန်ကြေညာ ချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကရိုက်ထားတဲ့ ဂြိုဟ်တုဓာတ်ပုံတွေထဲမှာ မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားစမ်းသပ် ကွင်းမှာ အဆောက်အဦအသစ်တစ်ခုဆောက်လုပ်နေတာတွေ၊ တခြားအဆောက်အဦတစ်ခုကို ပြင်ဆင်နေတာ တွေတွေ့ရတဲ့အပြင် တခြားဓာတ်ပုံတွေကိုလည်း တွေ့ရတယ်လို့ဆိုပါတယ်။

ယောင်ဗျွန်းမှာရှိတဲ့ နျူကလီးယားဓာတ်ပေါင်းဖိုဟာ အစစအရာရာ ပြီးပြည့်စုံနေပြီး နျူကလီးယားလက်နက်တွေ ထုတ်လုပ်ဖို့ တည်ဆောက်ထားတာဖြစ်နိုင်တယ်လို့ နိုင်ငံတကာစောင့်ကြည့်လေ့လာသူတွေကပြောပါတယ်။

Ref: South Korea detects activity to restore some tunnels at North Korea nuclear test site

#EPN #PM


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။