Trending Now

ကမ္ဘာ့ဘဏ်က အိန္ဒိယကို ကျန်းမာရေး ချေးငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ပေးမယ်

Spread the love

ကမ္ဘာ့ဘဏ်က အိန္ဒိယကို ကျန်းမာရေး ချေးငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ပေးမယ်

EPN
နိုင်ငံတကာ၊ မတ် ၄

ကမ္ဘာ့ဘဏ်က အိန္ဒယနိုင်ငံရဲ့ ကျန်းမာရေး ကဏ္ဍကို မြှင့်တင်နိုင်ဖို့အတွက် အမေရိကန် ဒေါ်လာ ၁ ဘီလီယံ ချေးငွေထုတ်ပေးမယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌနက ဒီနေ့ ပြောဆိုလိုက်ပါတယ်။

အိန္ဒိယအစိုးရ နဲ့ ကမ္ဘာ့ဘဏ်တို့ကြား သောကြာနေ့က လက်မှတ်ရေးထိုးခဲ့တဲ့ ပရောဂျက်နှစ်ခုဟာ ကူးစက်ရောဂါ ကြိုတင်ပြင်ဆင်မှုနဲ့ ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုတွေကို မြှင့်တင်ဖို့ဖြစ်ပြီး ပရောဂျက်တစ်ခုမှာ သန်း ၅၀၀ စီပါဝင်ပါတယ်။

အိန္ဒိယ အစိုးရဘက်က ပရောဂျက်တွေကို အကောင်အထည်ဖော်ဖို့နဲ့ အဓိက ပြည်သူ့ကျန်းမာရေးအဖွဲ့အစည်းတွေရဲ့ စွမ်းဆောင်ရည်တွေကို မြင့်တင်သွားမယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ ချေးငွေကို ၁၈ နှစ်ခွဲအတွင်း အိန္ဒိယအစိုးရက ပြန်လည်ပေးဆောင်ရမယ်လို့ ဆိုပါတယ်။

Ref; xinhua

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။