Trending Now

ထောင်နဲ့ ချီတဲ့ အစုလိုက်အပြုံလိုက် လူသတ်မှုတွေအတွက် အသက် ၁၀၁ နှစ်အရွယ် အဖိုးအိုတစ်ဦးကို ထောင်ဒဏ်ချမှတ်

Spread the love

ထောင်နဲ့ ချီတဲ့ အစုလိုက်အပြုံလိုက် လူသတ်မှုတွေအတွက် အသက် ၁၀၁ နှစ်အရွယ် အဖိုးအိုတစ်ဦးကို ထောင်ဒဏ်ချမှတ်

EPN

နိုင်ငံတကာ၊ ဇွန် ၂၉

နာဇီချွေးတပ်မှာ အစောင့် တာဝန်ထမ်းဆောင်ခဲ့စဉ်အတွင်း ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် အသက် ၁၀၁ နှစ်အရွယ် အဖိုးအိုတစ်ဦးကို ဂျာမနီတရားရုံးက ထောင်ဒဏ် ငါးနှစ်ချမှတ်လိုက်ပါတယ်။

Josef Schuetz ဆိုတဲ့ အဖိုးအိုဟာ နာဇီချွေးတပ်စခန်းမှာ အစောင့်အဖြစ် ၁၉၄၂ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အထိ တာဝန်ထမ်းဆောင်စဉ် အတွင်း အကျဉ်းစခန်းမှာ သတ်ဖြတ်ခံခဲ့ရတဲ့ လူပေါင်း ၃၅၀၀ နဲ့ ပတ်သက်ပြီး တရားစွဲခံထားရတာပါ။

သူဟာ ဒုတိယကမ္ဘာစစ်အတွင်း နာဇီတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ရင်ဆိုင်ခဲ့ရဖူးတဲ့ အသက်အကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး အသက်အကြီးဆုံး ထောင်ချခံရသူတစ်ဦးလည်းဖြစ်ပါတယ်။

အဖိုးအိုဟာ လူမဆန်တဲ့ နာဇီတပ်မှာ အလုပ်လုပ်ကိုင်ခဲ့ပြီး အကျဉ်းသားတွေကို သေစေခဲ့တယ်လို့ အစိုးရရှေ့နေတွေက စွပ်စွဲခဲ့တာပါ။ ဒါပေမယ့် အဖိုးအိုဟာ သူ့အပေါ် စွဲဆိုထားတဲ့ တိုင်ကြားချက်တွေကို အကြိမ်ကြိမ် ငြင်းဆိုခဲ့ပြီး တရားခွင်တလျှောက် သူ့မှာ အပြစ်မရှိကြောင်း တောင်းပန်ခဲ့ပါတယ်။

ဒါပေမယ့် တရားသူကြီးက အဖိုးအိုဟာ အစုလိုက်အပြုံလိုက် လူသတ်မှုတွေကို တလိုတလားထောက်ခံခဲ့သူတစ်ဦး ဖြစ်တယ်လို့ ဂျာမနီနိုင်ငံ ဘရန်ဒန်ဘာ့ဂ်ရှိ တရားရုံးမှာ ပြောကြားခဲ့ပါတယ်။

“မင်းမျက်စိရှေ့မှာ အကျဉ်းသားတွေ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်တာကို သုံးနှစ်ကြာအောင် မင်းမြင်ခဲ့တယ် စခန်းကနေ ထွက်ပြေးဖို့ ကြိုးစားသူတိုင်း သေနတ်နဲ့ ပစ်သတ်ခံရတယ်။ ဒါကြောင့် အစောင့်အကြပ်တိုင်းက ဒီလူသတ်မှုမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ကြတာပဲ” လို့ ဂျာမနီတရားသူကြီးက ပြောပါတယ်။

“ကျွန်တော်ဘာကြောင့်ဒီကိုရောက်နေလဲဆိုတာကျွန်တော်မသိဘူး” လို့ အဖိုးအိုက တရားခွင်ပိတ်ပွဲမှာ ပြောဆိုခဲ့ပါတယ်။
အဖိုးအိုဟာ နာဇီအစောင့်တစ်ဦးမဟုတ်ဘူးလို့ အခိုင်အမာငြင်းဆိုခဲ့ပေမယ့် ဂျာမန်အစိုးရရှေ့နေတွေက အမည်တူ၊ မွေးသက္ကရာဇ်တူ အဖိုးအိုရဲ့ မွေးရပ်ဇာတိမြေနဲ့ တူညီတဲ့ နာဇီအစောင့်တစ်ဦးရဲ့ စာရွက်စာတမ်းတွေပါတဲ့ အထောက်အထားတွေကို တရားရုံးကို တင်ပြခဲ့ပါတယ်။

ချွေးတပ်စခန်းမှာ ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရပေမယ့် အဖိုးအိုရဲ့ အသက်အရွယ်အရ ပြစ်မှုတွေအတွက် အမှန်တကယ်ထောင်ကျခံနိုင်မှာ မဟုတ်ပါဘူး။

ဂျူး၊ ရိုးမား၊ အစိုးရဆန့်ကျင်သူတွေနဲ့ လူပေါင်း ၂ သိန်း ကျော်ကို ချွေးတပ်အကျဉ်းစခန်းအတွင်းမှာ အကျဉ်းကျခံခဲ့ရပြီး ၁၉၄၅ ခုနှစ်မှာ ဆိုဗီယက်တပ်တွေက အကျဉ်းသားတွေကို လွတ်ပေးခဲ့တဲ့အခါ အကျဉ်းသား ၃,၄၀၀ ခန့်သာ လွတ်မြောက်ခဲ့ပြီး အများစုမှာ အသက်မရှင်နိုင်ခဲ့ကြပေ။

ထိုအချိန်ကနေစတင်ပြီး ချွေးတပ်စခန်းကို မီးလောင်တိုက်သွင်းခံရသူတွေအတွက် ပြတိုက်နဲ့ အောက်မေ့ဖွယ်ရာ အဖြစ်ပြောင်းလဲခဲ့ပါတယ်။

Source – aljazeera

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။