Trending Now

တပ်ဖွဲ့၀င်များ ယူနီဖောင်းဖြင့် လူမှုကွန်ရက်စာမျက်နှာတွင် Tik Tok ကစားပါက ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ အရေးယူမည်

Spread the love

တပ်ဖွဲ့၀င်များ ယူနီဖောင်းဖြင့် လူမှုကွန်ရက်စာမျက်နှာတွင် Tik Tok ကစားပါက ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ အရေးယူမည်

EPN
ရန်ကုန်၊ မေ ၂၉

တပ်ဖွဲ့၀င်များ ယူနီဖောင်းဖြင့် လူမှုကွန်ရက်စာမျက်နှာတွင် Tik Tok ကစားပါက ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ အရေးယူခြင်းခံရမည် ဖြစ်သည်။

အဆိုပါ လူမှုကွန်ရက်စာမျက်နှာ (Facebook) ပေါ်တွင် တပ်ဖွဲ့၀င်များ ယူနီဖောင်းဖြင့် Tik Tok ကစားခြင်းများ ပြုလုပ်နေကြောင်း တွေ့ရှိရသဖြင့် ကရင်ပြည်နယ်ရဲတပ်ဖွဲကမှ ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အလားတူပင် တပ်ဖွဲ့၀င်များမှ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် Tik Tok ကစားခြင်းများမပြုလုပ်ကြရန်နှင့် တွေ့ ရှိလျှင် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း အောက်ခြေအဆင့် တပ်ဖွဲ့ ၀င်များအထိ သိရှိစေရန် ရှင်းလင်းထုတ်ပြန်ထားသည်။

Photo – ကရင်ပြည်နယ်ရဲတပ်ဖွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။