Trending Now

တိုင်းပြည် ကုန်ကျစားရိတ် သက်သာဖို့ စစ်အင်အား သုံးပုံတစ်ပုံအထိ လျော့ချမယ်

Spread the love

တိုင်းပြည် ကုန်ကျစားရိတ် သက်သာဖို့ စစ်အင်အား သုံးပုံတစ်ပုံအထိ လျော့ချမယ်

EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၄

ဆယ်စုနှစ်အတွင်း အကြီးမားဆုံးစီးပွားရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ချိန်မှာ တိုင်းပြည်ရဲ့ ကုန်ကျစားရိတ်ကို လျှော့ချနိုင်ဖို့အတွက် စစ်တပ်အင်အားကို ၃ ပုံ ၁ ပုံအထိ လျှော့သွားမယ်လို့ သီရိလင်္ကာ ကာကွယ်ရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားပါတယ်။

တိုင်းပြည်ရဲ့ ကုန်ကျစာရိတ်ကို လျော့ချနိုင်ဖို့အတွက် ၂၀၃၀ ခုနှစ်အတွင်း စစ်အင်းအားကို ၃၁၇,၀၀၀ ကနေ ၁၀၀,၀၀၀ အထိလျော့ချသွာဖို့ စီစဉ်ထားတယ်လို့ ဇန်နဝါရီ ၁၃ ရက်နေ့မှာ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာပါ။

သီရိလင်္ကာ ကာကွယ်ရေးဝန်ကြီး ပရီမီသာက စစ်တပ်ရဲ့ အသုံးစားရိတ်ကို လျှော့ချလိုက်ခြင်းအားဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ်လမ်းကနေ အထောက်အကူဖြစ်လိမ့်မယ်လို့ ပြောပါတယ်။

လာမယ့်၂၀၂၄ ခုနှစ်မှာ စစ်အင်အားကို ၁၃၅,၀၀၀ အထိ လျှော့ချမှာဖြစ်ပြီး ၂၀၃၀ မတိုင်ခင် ၁၀၀,၀၀၀ အထိထပ်မံ လျော့ချသွားမှာ ဖြစ်ပါတယ်။ အစိုးရရဲ့ နစ်စဉ်အသုံးစာရိတ် ၁၀ ရာခိုင်နှုန်းဟာ စစ်တပ်အတွက်ဖြစ်နေပြီး အစိုးရလစာ ထက်ဝက်လောက်ကို ပေးနေရတာပါ။

လူဦးရေ ၂၂ သန်းသာ ရှိတဲ့ နိုင်ငံဟာ လပေါင်းများစွာ စားနပ်ရက္ခာနဲ့ လောင်စာပြတ်လပ်မှုတွေ ကြုံတွေ့ခဲ့ရပြီးနောက် နိုင်ငံခြားရန်ပုံငွေပါ ပြတ်လပ်သွားခဲ့တဲ့အတွက် အဆိုးရွားဆုံး စီးပွားရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

သမ္မတ ရာနီလ် ဝစ်ကရီမီဆင်ဟီ ဦးဆောင်တဲ့ လက်ရှိ သီရိလင်္ကာအစိုးရဟာ နိုင်ငံ့ စီးပွားရေး ပြန်လည်ဦးမော့လာစေဖို့အတွက် ၂၀၂၂ ခုနှစ်က စတင်ကာ ချွေတာရေးနည်းလမ်းတွေကို ကျင့်သုံးနေတာဖြစ်ပါတယ်။

— ကိုးကား —
Aljazeera
ref; Sri Lanka to slash military by a third to cut costs

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။