Trending Now

ရမ်ပူမြစ်ဆိပ်တွင် အမျိုးသားတစ်ဦး ရေဆင်းချိုးရာမှ ရေနစ်မြုပ်ပျောက်ဆုံး

Spread the love

ရမ်ပူမြစ်ဆိပ်တွင် အမျိုးသားတစ်ဦး ရေဆင်းချိုးရာမှ ရေနစ်မြုပ်ပျောက်ဆုံး

EPN
မြစ်ကြီးနား ၊ မတ် ၂၉(၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်တွင် ယမန်နေ့ (မတ်လ (၂၈)ရက်နေ့)၊ ညနေပိုင်းက ရမ်ပူမြစ်ဆိပ် (ဒေသခေါ်ခါးဆိပ်)တွင် ရေဆင်းချိုးရာမှ အမျိုးသားတစ်ဦး ရေနစ်မြုပ်ပျောက်ဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ အမျိုးသားမှာ ဇနီးဖြစ်သူနှင့်အတူ ယမန်နေ့၊ ညနေပိုင်းက ရေချိုးရန် ဧရာဝတီမြစ်အတွင်း ဆင်းသွားခဲ့ပြီး၊ ရေနစ်ပိုင်းအရောက်တွင် ပြန်လည်မပေါ်လာဘဲ နစ်မြုပ်ပျောက်ဆုံးသွားခဲ့ကြောင်း အနီးအနားရှိ ဒေသခံပြည်သူတစ်ဦးက ပြောသည်။

” သူတို့ လင်မယားနှစ်ယောက်က ညနေပိုင်းရေချိုးဖို့ မြစ်ဆိပ်ကိုလာတာ။ ယောင်္ကျားဖြစ်သူက ကမ်းစပ်နားက ရေတိမ်တယ်ဆိုပြီး နစ်တဲ့အပိုင်းကို သွားခဲ့တာ။ ရေငုတ်သွားရာကနေ ပြန်မပေါ်လာတော့တာပဲ။ ဒီနေ့တော့ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ရှာဖွေရေးတွေ လုပ်ဆောင်နေတယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ ရေနစ်ပျောက်ဆုံးနေသူမှာ အသက် (၂၅)နှစ်အရွယ် ဦးစိုးအောင်ကျော် ဆိုသူဖြစ်ကာ လက်ရှိတွင် လူမှုကယ်ဆယ်ရေး အဖွဲ့များနှင့် တာဝန်ရှိသူများ စုပေါင်းကာ ရှာဖွေကယ်ဆယ်ရေးများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။