Trending Now

မကွေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်မှ ဂေါက်ကွင်းမြေနှင့် သာသနာဗိမာန်မြေ ကမ်းထိန်းတာတမံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

Spread the love

မကွေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်မှ ဂေါက်ကွင်းမြေနှင့် သာသနာဗိမာန်မြေ ကမ်းထိန်းတာတမံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

EPN
ပခုက္ကူ၊ မတ် ၁၁ (၂၀၂၄)

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်မှ (၇၉) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဖွင့်လှစ်သည့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သော မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ အမှတ်(၁) ရပ်ကွက်၊ ဂေါက်ကွင်းမြေနှင့် သာသနာဗိမာန်မြေ ကမ်းထိန်းတာတမံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးကဲများ လိုက်ပါလျက် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဖွင့်လှစ်သည့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သော မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ အမှတ်(၁) ရပ်ကွက်၊ ဂေါက်ကွင်းမြေနှင့် သာသနာဗိမာန်မြေ ကမ်းထိန်းတာတမံဖွင့်ပွဲ အခမ်းအနားသို့ မတ်လ ၁၁ ရက်နေ့ နံနက် ၉ နာရီအချိန်က တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်း အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖွင့်ပွဲမုခ်ဦးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားကာ ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ယင်းနောက် ဂေါက်ကွင်းမြေနှင့် သာသနာဗိမာန်မြေ ကမ်းထိန်းနံရံဆောက်လုပ်ပြီးစီးမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ ထိုမှတဆင့် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ပခုက္ကူမြို့ အထွေထွေရောဂါကုဆေးရုံကြီးသို့ ရောက်ရှိခဲ့ကာ ဆေးကုသမှု အခြေအနေများ၊ အောက်စီဂျင်စက်များ၏ ကြံ့ခိုင်မှု အခြေအနေများကို လှည့်လည်ကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သိရသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။