Trending Now

မုံရွာ ယာကြီး ကလေးဝ ကားလမ်းမှာ အကြမ်းဖက်သမားတွေက မိုင်းထောင်ထားတဲ့အတွက် သက်ဆိုင်ရာက သွားရောက်ရှင်းလင်း

Spread the love

မုံရွာ ယာကြီး ကလေးဝ ကားလမ်းမှာ အကြမ်းဖက်သမားတွေက မိုင်းထောင်ထားတဲ့အတွက် သက်ဆိုင်ရာက သွားရောက်ရှင်းလင်း

EPN

ယင်းမာပင် ၊ မတ် ၅

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ၊ မုံရွာ ယာကြီး ကလေးဝ ကားလမ်းမှာ အကြမ်းဖက်သမားတွေက မိုင်းတွေထောင်ထားတဲ့အတွက် နယ်မြေရှင်လင်းရေးးအဖွဲ့က မတ် ၄ ရက် ၊ မနေ့က နေ့ခင်ပိုင်းမှာ သွားရောက်ရှင်းလင်း ပေးခဲ့တယ်လို့ အဲ့ဒီကားလမ်းကို အသုံးပြုသွားလာနေတဲ့ သူတွေထံက သိရပါတယ်။

” ကားလမ်းဘေးမှာ လမ်းအသုံးပြထားတဲ့ ကွန်ကရစ်တုံးကြီးတွေလို ပုံစံတူ မိုင်းတွေ တွေ့ရလို့ သက်ဆိုင်ရာကို အကြောင်းကြားလိုက်တဲ့အခါ ၊ မိုင်းတွေလာရှင်းပေးတာပါ ” လို့ ကားသမားတစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် ယင်းမာပင်ခရိုင် နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့နဲ့ နီးစပ်သူ တစ်ဦးက ” သံပိုက်လုံနဲ့ လုပ်ထားတဲ့ မိုင်းအမျိုးအစားနဲ့ ကွန်ကရစ်တုံး မိုင်းတွေ အပါအဝင် မိုင်းအကြီးစား ဒါဇင်ဝက် ရှင်းလင်းဖယ်ရှားပေးခဲ့တယ် ” လို့ ပြောပါတယ်။

အဲ့ဒီ မုံရွာ ယာကြီး ကလေးဝ ကားလမ်းမှာ မုံရွာဒေသကို နေ့စဥ် စားသောက်ကုန်စိမ်းတွေနဲ့ မီးဖိုချောင်သုံး ထင်းမီးသွေးတွေကို တနိုင်တပိုင် ဆိုင်ကယ်တွေနဲ့ ပို့ဆောင်ပေးနေတဲ့ အများပြည်သူသုံး လမ်းမကြီးတခုဖြစ်တယ်လို့ သိရပါတယ်။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။