Trending Now

တောင်ကိုရီးယားက မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို ဆန့်ကျင်ဖို့ ပြင်ဆင်နေတယ်လို့ ပြောဆိုပြီးနောက် မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်ပစ်လွတ်

Spread the love

တောင်ကိုရီးယားက မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို ဆန့်ကျင်ဖို့ ပြင်ဆင်နေတယ်လို့ ပြောဆိုပြီးနောက် မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်ပစ်လွတ်

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၁၄

မြောက်ကိုရီးယားက သောကြာနေ့အစောပိုင်းမှာ ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့တယ်လို့ ဂျပန်အစိုးရအဖွဲ့အတွင်းဝန် Matsuno Hirokazu က ပြောကြားလိုက်ပါတယ်။

ဂျပန်အစိုးရ သတင်းအရင်းမြစ်တွေရဲ့အဆိုအရ မြောက်ကိုရီးယားဟာ အရှေ့ဘက်ကို အနည်းဆုံး ဒုံးကျည်နှစ်စင်းပစ်လွတ်ခဲ့တယ်လို့ဆိုပါတယ်။

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို ဆန့်ကျင်ဖို့ အခိုင်အမာ ပြင်ဆင်သွားမယ်လို့ ဒီနေ့မနက်ပိုင်းမှာ တောင်ကိုရီးယား သမ္မတ ယွန်းက ကတိပြုပြောဆိုခဲ့ပြီးနောက် မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွတ်မှုသတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။

နျူကလီးယား စမ်းသပ်မှု အပါအဝင် မြောက်ကိုရီးယားက နောက်ထပ် ရန်စတဲ့ လုပ်ရပ်တွေ လုပ်ဆောင်လာနိုင်တယ်လို့ ဂျပန်အစိုးရက ယုံကြည်ကြောင်း Hirokazu က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒါ့ကြောင့် လိုအပ်တဲ့ ထောက်လှမ်းမှုတွေကို ဆက်လက်စုဆောင်းနေပြီး မြောက်ကိုရီးယားရဲ့ လှုပ်ရှားမှုတွေကို အမေရိကန် အပါအဝင် အခြားနိုင်ငံတွေနဲ့ ညှိနှိုင်းကာ စောင့်ကြည့်သွားမယ်လို့ Hirokazu ပြောပါတယ်။

တောင်ကိုရီးယား သမ္မတ ယွန်းကလည်း သူတက်လာပြီးကတည်းက မြောက်ကိုရီးယားရဲ့ ရန်စမှုတွေကို ဆန့်ကျင်ဖို့ လုံလောက်တဲ့ လုံခြုံရေးအနေအထားကို တည်ဆောက်နေတယ်လို့ ဒီနေ့မနက်ပိုင်းက ပြောဆိုခဲ့ပါတယ်။

အခုဒုံးကျည်ပစ်လွတ်မှုနဲ့ပတ်သက်ပြီးတော့ မြောက်ကိုရီးယားက တစ်စုံတစ်ရာ ထုတ်ပြန်ခဲ့ခြင်းမရှိသေးပေမယ့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း က နျူးကလီးယား သယ်ဆောင်နိုင်တဲ့ ခရုဇ်ဒုံးကျည်တွေကို နိုင်ငံအတွင်းမှာ တပ်ဖြန့်ထားတယ်လို့ နိုင်ငံပိုင်သတင်းအေဂျင်စီက မနေ့က ဖော်ပြခဲ့ပါတယ်။

— ကိုးကား —
nhk/ရိုက်တာ
ref; Japan: N.Korea fired one ballistic missile early Friday, South Korea president pledges to build strong readiness against North Korea threats

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။