Trending Now

ကြန္​ပ်ဴတာစနစ္​ျဖင္​့ ထိန္းခ်ဳပ္မည့္ ျမစ္ႀကီးနား ၿမိဳ႕ဝင္တုိးဂိတ္ ၇၅ရာခိုင္​ႏႈန္​းၿပီးစီး​ေန

Spread the love

ကြန္​ပ်ဴတာစနစ္​ျဖင္​့ ထိန္းခ်ဳပ္မည့္ ျမစ္ႀကီးနား ၿမိဳ႕ဝင္တုိးဂိတ္ ၇၅ရာခိုင္​ႏႈန္​းၿပီးစီး​ေန
EPN
ျမစ္​ႀကီးနား၊ ​ေဖ​ေဖာ္ဝါ႐ီ ၂၂

ကခ်င္​ျပည္​နယ္​၊ျမစ္​ႀကီးနားၿမိဳ႕နယ္ ႐ွ​ေဒါင္​​ေက်းရြာတြင္​တည္​​ေဆာက္​​ေနသည္​့ ျမစ္​းႀကီးနား ၿမိဳ႕အဝင္​တုိးဂိတ္ကုိ
ကြန္​ပ်ဴ တာစနစ္​ျဖင္​့ ထိန္​းခ်ဳပ္​သြားမည္​ၿပီးၿပီး ယခုတည္
​ေဆာက္မႈမွာ ၇၅ ရာခိုင္​ႏႈန္​းခန္​႔ၿပီးစီး​ေနၿပီျဖစ္​​ေၾကာင္​း
သိရသည္​။
အဆိုပါ ၿမိဳ႕အဝင္​ဂိတ္​အသစ္​ကို ကခ်င္​ျပည္​နယ္​အစိုးရခြင္​့ျပဳခ်က္​အရ ၂၀၁၇-၂၀၁၈အစိုးရမီနီ ဘတ္​ဂ်က္​ျဖင္​့ တင္​ဒါရရိွထားသည္​့ ​ေရႊႀကိဳးၾကာကုမၸဏီမွ တာဝန္​ယူ တည္​​ေဆာက္​​ေနၿပီး ၇၅ရာခိုင္​ႏႈန္​းခန္​႔ၿပီးစီး​ေနၿပီျဖစ္​​ေၾကာင္​း ​ေရႊႀကိဳးၾကာ
ကုမၸဏီမွ တာဝန္​ရိွတစ္​ဦးျဖစ္​သူဦးထြန္​းၫြန္​႔ကဆိုသည္​။
“ဒီဂိတ္​ကို ကြၽန္​​ေတာ္​တို႔ ၉လပိုင္​းက​ေနစ​ေဆာက္​တာပါ။အခုကလွၽပ္​စစ္​မီးဆင္​ဖို႔လုပ္​​ေနပါတယ္​။မီးဆင္​ၿပီးရင္​ကြန္​ပ်ဴ တာ​ေမာင္​းတံ​ေတြဆင္​မယ္​။ကြန္​ပ်ဴ တာ​စနစ္​​ေတြနဲ႔သြားမွာပါ။ ၇၅ရာခိုင္​ႏႈန္​း​ေလာက္​​ေတာ့ၿပီးစီး​ေနပါၿပီ”ဟု ဦးထြန္​းၫြန္​႔က​ေျပာသည္​။
ယခုတည္​​ေဆာက္​​ေနသည္​့ ဂိတ္​အသစ္​အား​ေဆာက္​လုပ္​ၿပီးစီးသြားပါက လက္​ရိွ အသံုးျပဳ​ေနသည္​့ ႐ွ​ေဒါင္​းဂိတ္​ကိုဖ်က္​သိမ္​းသြားမည္​ျဖစ္​ေၾကာင္​း၎၏​ေျပာဆိုခ်က္​အရသိသည္​။
လက္​ရိွ အသံုးျပဳ​ေနသည္​့ ႐ွ​ေဒါင္​းဂိတ္​မွာ ​ေရႊႀကိဳးၾကာကုမၸဏီပိုင္​ဂိတ္​သာျဖစ္​ၿပီး အဆိုပါ​ေက်းရြာ​ေန ျပည္​သူမ်ား၏
​ေတာင္​းဆိုခ်က္​အရ​ေျပာင္​း​ေရြ႕လိုက္​ရျခင္​းျဖစ္​​ေၾကာင္​း
သိရသည္​။
လြမ္​း​ေအာင္​
————————————————–
ကွန်ပျူတာစနစ်ဖြင့် ထိန်းချုပ်မည့် မြစ်ကြီးနား မြို့ဝင်တိုးဂိတ် ၇၅ရာခိုင်နှုန်းပြီးစီးနေ
EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၂
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့နယ် ရှဒေါင်ကျေးရွာတွင်တည်ဆောက်နေသည့် မြစ်းကြီးနား မြို့အဝင်တိုးဂိတ်ကို ကွန်ပျူ တာစနစ်ဖြင့် ထိန်း ချုပ်သွားမည်ပြီးပြီး ယခုတည်ဆောက်မှုမှာ ၇၅ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။
အဆိုပါ မြို့အဝင်ဂိတ်အသစ်ကို ကချင်ပြည်နယ်အစိုးရခွင့်ပြုချက်အရ ၂၀၁၇-၂၀၁၈အစိုးရမီနီ ဘတ်ဂျက်ဖြင့် တင်ဒါရရှိထားသည့် ရွှေကြိုးကြာကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်နေပြီး ၇၅ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ကြောင်း ရွှေကြိုးကြာကုမ္ပမှ တာဝန်ရှိတစ်ဦးဖြစ်သူဦးထွန်း ညွန့်ကဆိုသည်။
“ဒီဂိတ်ကို ကျွန်တော်တို့ ၉လပိုင်းကနေစဆောက်တာပါ။အခုကလျှပ်စစ်မီးဆင်ဖို့လုပ်နေပါတယ်။မီးဆင်ပြီးရင်ကွန်ပျူ တာမောင်းတံတွေဆင်မယ်။ကွန်ပျူ တာစနစ်တွေနဲ့သွားမှာပါ။ ၇၅ရာခိုင်နှုန်းလောက်တော့ပြီးစီးနေပါပြီ”ဟု ဦးထွန်းညွန့်ကပြောသည်။
ယခုတည်ဆောက်နေသည့် ဂိတ်အသစ်အားဆောက်လုပ်ပြီးစီးသွားပါက လက်ရှိ အသုံးပြုနေသည့် ရှဒေါင်းဂိတ်ကိုဖျက်သိမ်းသွားမည်ဖြစ်ကြောင်း၎င်း၏ပြောဆိုချက်အရသိသည်။
လက်ရှိ အသုံးပြုနေသည့် ရှဒေါင်းဂိတ်မှာ ရွှေကြိုးကြာကုမ္ပဏီပိုင်ဂိတ်သာဖြစ်ပြီး အဆိုပါကျေးရွာနေ ပြည်သူများ၏ တောင်းဆိုချက်အရပြောင်းရွေ့လိုက်ရခြင်းဖြစ်ကြောင်း သိရသည်။
လွမ်းအောင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။