Trending Now

ကချင်အထူးဒေသ (၁) နယ်မြေအတွင်း ရှိ ချီဖွေမြို့နယ်ကို ခရိုင်အဆင့်တိုးမြင့်

Spread the love

ကချင်အထူးဒေသ (၁) နယ်မြေအတွင်း ရှိ ချီဖွေမြို့နယ်ကို ခရိုင်အဆင့်တိုးမြင့်

EPN

မြစ်ကြီးနား ၊ မေလ ၃

ကချင်ပြည်နယ် ကချင် အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေး နယ်မြေအတွင်း ရှိ ချီဖွေမြို့နယ်ကို မြို့နယ်အဆင့်မှ ခရိုင်အဆင့်သို့ တိုးမြင့်ပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။

နိုင်ငံတော်ပိုင် သတင်းဌာနမှ မေလ ၁ ရက်နေ့မှ စတင်ကာ ယခင် ချီဖွေမြို့နယ်ကို ချီဖွေခရိုင်အဖြစ်ပြောင်းလဲသက်မှတ် ခဲ့ကြောင်း ကြောညာခဲ့ပြီးဖြစ်ကြောင်းသိရသည်။

ယခုကဲ့သို့ ခရိုင်ဖွဲ့စည်းလာနိုင်သည့်အတွက် ဒေသဖွံ့ဖြိုးတိုးတက်ရေးကိုများစွာဆောင်ရွက်လာနိုင်မှာဖြစ်ပြီး ဌာနဆိုင်ရာလုပ်ငန်းများကို လျှင်မြန်စွာဖြင့် ဆောင်ရွက်လာနိုင်မှာဖြစ်ကြောင်း ချီဖွေမြို့နယ် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

” ပြည်ထဲရေး ကနေ ခရိုင်ဖွဲ့စည်းခွင့်တော့ပြုထားလိုက်ပြီဖြစ်တယ် ၊ ခရိုင်ဖွဲ့စည်းခွင့် ပြုလိုက်ပြီဖြစ်တဲ့အတွက် ခရိုင်အဆင့် ထားရှိရမဲ့ ဌာနဆိုင်ရာတွေ လိုလာမယ် ၊ အရင်ကဆို ခရိုင်အဆင့်ဌာန ဆိုင်ရာကိစ္စရပ်တွေမှာဆို မြစ်ကြီးနားကိုသွားရတယ် ၊ အခုတော့ ချီဖွေခရိုင် ဖွဲ့လိုက်ပြီဖြစ်တော့ ဌာနဆိုင်ရာ လုပ်ငန်းတွေလဲ ပိုမိုလျှင်မြန်စွာဆောင်ရွက်လာနိုင်မယ်၊ ဒေသအတွက် ဖွံ့ဖြိုးတိုးတက်လာနိုင်လိမ့်မယ်လို့ ထင်ပါတယ် ” ဟု ၎င်းကပြောသည်။

နိုင်ငံတော်၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမူရေး စသည့်တို့ တိုးတက်ပြောင်းလဲလာသည့်နှင့်အမျှဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများ ယခုထက် ပိုမိုအဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရန်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၄၊ ၂၈၄ (ခ) တို့နှင့်အညီမူလခရိုင် (၇၅)ခုဖြင့် ဖွဲ့စည်းထားရာမှ ၂၀၂၂ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင်ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်အရ ခရိုင် (၄၆)ခု ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ အသစ်ဖွဲ့စည်းလိုက်သည့် ချီဖွေခရိုင်တွင် ချီဖွေမြို့နယ်နှင့် ဆော့လော်မြို့နယ် ဟူ၍ မြို့နယ်၂ မြို့နယ်၊ ချီဖွေမြို့၊ဆော့လော်မြို့ ၊ပန်ဝါမြို့ဟူ၍ မြို့၃ မြို့ဖြင့်ဖွဲ့စည်းထားကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းရှိတိုင်းဒေသကြီးနှင့်ပြည်နယ် ၁၅ ခုတွင် ယခင်က ခရိုင် ၇၅ခု ဖြင့်ဖွဲ့စည်းထားရာ ယခုနှစ်မေလ ၁ ရက်နေ့မှ စတင်ကာ ခရိုင်သစ် ၄၆ ခရိုင်ကိုထပ်မံဖွဲ့စည်းခဲ့ရာ ကချင်ပြည်နယ်မှ ချီဖွေ ခရိုင်နှင့် တနိုင်းခရိုင် ဟူ၍ ခရိုင် ၂ ခု တိုးချဲ့ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။