Trending Now

အိန္ဒိယနိုင်ငံမှ သင်တန်းတက်ရောက်ပြီး ပြန်လည်ရောက်ရှိလာသည့် တပ်မတော်သားများအနက် ၁ ဦးတွင် COVID-19 ရောဂါပိုးထပ်မံတွေ့ရှိ

Spread the love

အိန္ဒိယနိုင်ငံမှ သင်တန်းတက်ရောက်ပြီး ပြန်လည်ရောက်ရှိလာသည့် တပ်မတော်သားများအနက် ၁ ဦးတွင် COVID-19 ရောဂါပိုးထပ်မံတွေ့ရှိ 

EPN
ရန်ကုန်၊ ဇွန် ၉

အိန္ဒိယနိုင်ငံမှ သင်တန်းတက်ရောက်ပြီး ပြန်လည်ရောက်ရှိလာသည့် တပ်မတော်သားများအနက် ၁ ဦးတွင် Covid-19 ရောဂါပိုးထပ်မံတွေ့ရှိကြောင်း ဇွန်လ ၉ ရက်တွင် တပ်မတော်မှ သတင်းထုတ်ပြန်ထားသည်။

အိန္ဒိယနိုင်ငံမှ သင်တန်းတက်ရောက်ပြီး မေ ၂၄ ရက်တွင် မြန်မာ့အမျိုးသားလေကြောင်းလိုင်ဖြင့် ပြန်လည် ရောက်ရှိလာသည့် တပ်မတော်သား ၁၈ ဦးအနက် ၄ ဦးတွင် Covid-19 ရောဂါပိုးတွေရှိ၍ ကုသပေးလျက်ရှိပြီး ၎င်းတို့နှင့် ဆက်စပ်ထိတွေ့မှုရှိခဲ့သူများကိုလည်း ရောဂါရှာဖွေဖော်ထုတ်ခြင်း၊ အသွားအလာ ကန့်သတ်စောင့် ကြပ်ကြည့်ရှုခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း တပ်မတော်မှ ထုတ်ပြန်ထားသည်။

မြန်မာ့အမျိုးသား လေကြောင်းလိုင်ဖြင့် ပြန်လည်ရောက်ရှိလာသည့် တပ်မတော်သား ၁၈ ဦးအား ရန်ကုန်တိုင်း စစ်ဌာနချုပ်နယ်မြေတွင် အသွားအလာကန့်သတ်ထားပြီး သီးခြားစောင့်ကြည့်ထားလျက်ရှိကာ ၎င်းတို့ကို နှစ်ကြိမ်စစ်ဆေးခဲ့ရာ အရာရှိစစ်သည် ၁၈ ဦးအနက် ၄ ဦးတွင်ရောဂါပိုးတွေ့ရှိကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် Qurantine ထားရှိသည့် တပ်မတော်သားများအား ဇွန်လ ၈ ရက်တွင် မင်္ဂလာဒုံမြို့နယ်ရှိ၊ တပ်မ တော်ဆေးရုံကြီး (ခုတင်-၁၀၀၀)၌ PCR (Polymerase Chain Reaction) နည်းဖြင့် တတိယအကြိမ် ထပ်မံ စစ်ဆေးခဲ့ရာ အရာရှိ ၁ ဦးတွင် ရောဂါပိုးတွေ့ရှိကြောင်းတပ်မတော်မှထုတ်ပြန်ထားသည်။

အဆိုပါရောဂါပိုးတွေ့ရှိသူ ၁ ဦးအား တပ်မတော်က COVID-19 ရောဂါအထူးကုသရန် ကြိုတင်စီစဉ်ထားသည့် တပ်မတော်အသည်းရောဂါအထူးကုဆေးရုံကြီး(မင်္ဂလာဒုံ)သို့ပို့ဆောင်၍ ကုသမှုခံယူစေလျက်ရှိကြောင်းနှင့် ၎င်း၏ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိကြောင်း တပ်မတော်မှ ထုတ်ပြန်ထားသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။