Trending Now

အသက်သုံးဆယ်ကျော် အမျိုးသားတစ်ဦး မူးယစ်ဆေးဝါးသုံးစွဲရင်း သေဆုံး

Spread the love

အသက်သုံးဆယ်ကျော် အမျိုးသားတစ်ဦး မူးယစ်ဆေးဝါးသုံးစွဲရင်း သေဆုံး

EPN
မြစ်ကြီးနား၊ ဇူလိုင် ၁

မြစ်ကြီးနားမြို့၊ ကျွန်းပင်သာရပ်ကွက် အလက (၇) ကျောင်း အနောက်ဘက္ လမ်းကြားတွင် အသက်သုံးဆယ်ကျော် အမျိုးသားတစ်ဦး ယနေ့ မနက်ပိုင်း အချိန်က မူးယစ်ဆေးဝါးသုံးစွဲရင်း ရှော့ဖြစ်သေဆုံးခဲ့ကြောင်း ဧရာဝတီ အခမဲ့ လူမှုကူညီရေး အသင်းထံမှ သိရသည်။

ရပ်ကွက်နေပြည်သူများ အကြောင်းကြားလာခဲ့သည့်အတွက် အလက (၇) ကျောင်း အနောက္ဘက္ လမ်းကြားတွင် သေဆုံးနေသည့် အမျိုးသားအား ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

” အမျိုးသားတစ်ဦး လမ်းကြားမှာ သေဆုံးနေတယ်လို့ ရပ်ကွက်က အကြောင်းကြားလို့ သွားခဲ့တယ်။ ဟိုရောက်တော့ မူးယစ်ဆေးဝါး အပ်တွေ ဆေးတွေနဲ့အတူ သေဆုံးနေတာ ဟုတ်တယ်။ အဲ့ဒါနဲ့ ပြည်သူ့ဆေးရုံကြီးကို ၉နာရီခွဲ လောက်မှာ ပို့ဆောင်ပေးခဲ့တယ် ” ဟု ယင်းကပြောသည်။

သေဆုံးသူ အမျိုးသားသည် အသက်သုံးဆယ်ကျော်အရွယ်ဖြစ်ပြီး ၎င်း၏ဘေးတွင် မူးယစ်ဆေးသုံးစွဲရာတွင် အသုံးပြုသည့် အပ်နှင့်မူးယစ်ဆေးဝါးများ တွေ့ရှိခဲ့သည့်အတွက် ယင်းမူးယစ်ဆေးဝါး များကို သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့များက သိမ်းဆည်းသွားကြောင်း သိရသည်။

မြစ်ကြီးနားမြို့ပေါ်တွင် မူးယစ်ဆေးဝါး သုံးစွဲရင်း ရှော့ဖြစ်သေဆုံးသူ အမြောက်အများရှိနေပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများသည်လည်း ယခင်နှစ်များထက် ပိုမိုများပြားလာကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲသူ များပြားလာခြင်းကြောင့် မြို့ပေါ် ရပ်ကွက်တို့တွင် ဓါးပြတိုက်မှုများ၊ ခိုးဆိုးလုနှိုက် ပြသနာများ မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။