Trending Now

နေပြည်တော်ပြည်သူ့အင်အားဦးစီးဌာန ရုံးချုပ်မှ ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ဦးစီးဌာနသို့ Tablet များ ထောက်ပံ့

Spread the love

နေပြည်တော်ပြည်သူ့အင်အားဦးစီးဌာန ရုံးချုပ်မှ ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ဦးစီးဌာနသို့ Tablet များ ထောက်ပံ့

EPN
မြစ်ကြီးနား၊ ဇူလိုင် ၂၅

ကချင်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန အနေဖြင့် ပြည်နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ တို့တွင် အချက်အလက်နှင့် Point တည်နေရာများ ကောက်ယူရန်အတွက် နေပြည်တော် ပြည်သူ့အင်အားဦးစီးဌာန ရုံးချုပ်မှ Tablet များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများဖြစ်သည့် ရပ်ကွက်၊ ကျေးရွာများ၏ တည်နေရာ Point များ၊ အချက်အလက် ကောက်ယူရာတွင် လွယ်ကူ အဆင်ပြေစေရန်အတွက် အဆိုပါ ရရှိခဲ့သည့် Tablet အလုံး ၆၀ ကို ပြည်နယ် အတွင်း က လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိများထံသို့ ယနေ့ နံနက်ပိုင်းအချိန်က ပြည်နယ် အစိုးရရုံး မေခခန်းမတွင် ပြန်လည် ပေးအပ်ပွဲအခမ်းနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးမှ “ရပ်ကွက်၊ ကျေးရွာ တည်နေရာ point တွေကို Tablet တွေနဲ့ ကောက်ယူဖို့ ဆောင်ရွက်ရတဲ့ ရည်ရွယ်ချက်က သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းစဉ်တွေကို ထိရောက်စွာ ပံ့ပိုးနိုင်ပြီး နိုင်ငံတကာမှာ အသုံးပြုနေတဲ့ ခေတ်မီ GIS Database System တည်ဆောက်နိုင်ရေးနဲ့ စာရင်းကောက်ယူမယ့် ဒေသတွေကို နယ်နိမိတ် တိကျတဲ့ စာရင်းကောက်ကွက်တွေ ပိုင်းခြားသတ်မှတ်ပြီး မြေပုံတွေနဲ့ တိတိကျကျညွှန်ပြနိုင်ဖို့ အတွက် ဖြစ်ပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန မှ မြို့နယ်အလိုက် သန်ခေါင်စားရင်းကောက်ယူရာတွင် အထောက်အကူ ပြုစေမည် Tablet များတွင် GIS စနစ်ဖြင့် ကောက်ယူနည်းလမ်းများ အား သုံးရက် သင်တန်းပို့ချပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။