Trending Now

ဟားဗတ်တက္ကသိုလ်ဥက္ကဌနှင့်ဇနီး ကိုဗစ်-၁၉ ကူးစက်ခံထားရ

Spread the love

ဟားဗတ်တက္ကသိုလ်ဥက္ကဌနှင့်ဇနီး ကိုဗစ်-၁၉ ကူးစက်ခံထားရ
 

EPN
နိုင်ငံတကာ မတ် ၂၅

သူနှင့် ဇနီးဖြစ်သူ အဒဲလ်ဘာကိုးတို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ဟု ဟားဗတ် တက္ကသိုလ် ဥက္ကဌ လောရင့်ဘာကိုးက ပြောကြားလိုက်သည်။

“ကျွန်တော်တို့ တနင်္ဂနွေနေ့မှာ ရောဂါလက္ခဏာတွေ စတင်ခံစားခဲ့ရတယ်။ ပထမ ချောင်းဆိုးတယ်။ အဲဒီ နောက် အဖျားတက်တာ၊ ချမ်းစိမ့်တာ၊ ကြွက်သားကိုက်ခဲတာတွေ ဖြစ်လာခဲ့လို့ မတ်လ ၂၃ ရက်မှာ ဆရာဝန်တွေ ကို ဆက်သွယ်ခဲ့ပါတယ်။” ဟု ဘာကိုးက ထုတ်ပြန်ချက်တစ်ခုအတွင်း ဟားဗတ်တက္ကသိုလ် အသိုင်းအဝိုင်းသို့ ပြောကြားခဲ့သည်။

“ကျွန်တော်တို့ မနေ့က ကိုဗစ်-၁၉ ကူးစက်မှုရှိ မရှိ စစ်ဆေးခံခဲ့ပြီး မိနစ်အနည်းငယ်အကြာမှာ ရလဒ်တွေ ရရှိခဲ့ပါတယ်” ဟု ဘာကိုးက ပြောသည်။

ကိုဗစ်-၁၉ မည်ကဲ့သို့ ကူးစက်ခံခဲ့ရသည်ကို သူမသိခဲ့ကြောင်း ၎င်းက ပြောသည်။မကြာသေးမီက ၎င်းတို့ ရှိရာ လမ်းကြောင်းများ၌ သာမန်ထက်ပို၍ လူများဖြတ်သွားခဲ့သည်ဟု သူက ဆို သည်။

ဘာကိုးတို့ဇနီးမောင်နှံသည် မတ်လ ၁၄ ရက်မှစတင်၍ နေအိမ်မှ အလုပ်လုပ်ကိုင်မှု စတင်ခဲ့ပြီး နှစ်ပတ် ကြာ သီးသန့်ခွဲနေမည်ဖြစ်သည်။

“ကျွန်တော့်နဲ့ အဒဲလ်က ပြန်လည်ကျန်းမာလာဖို့ လုပ်ဆောင်နေလို့ လာမယ့် သီတင်းပတ်အနည်းငယ် အတွင်း ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ပိုပြီး တာဝန်ယူဆောင်ရွက်မှာဖြစ်ပါတယ်” ဟု သူကဆိုသည်။

ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေစဉ် လူနေသိပ်သည်းမှုလျော့ချရန် မတ်လ ၁၅ ရက်ထက် နောက်မကျဘဲ အိပ်ဆောင်များဖယ်ရှားရန် ယခုလအစောပိုင်းတွင် ဟားဗတ်တက္ကသိုလ်က ကျောင်းသားများကို အကြောင်း ကြားခဲ့သည်။

–ကိုးကား–ဆင်ဟွာ
Ref; Harvard president tests positive for coronavirus


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။