Trending Now

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

Spread the love

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်၊ ဆီအောကျေးရွာ၏ မြောက်ဘက် ပွိုင့်-၂၂၀၂ တောင်ကုန်း(ဆင်ဦးကင်းကုန်း)ပေါ်ရှိ ဒေသခံပြည်သူများနှင့် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီတစ်ဆူအား MNDAA အကြမ်းဖက်သောင်းကျန်းသူများက ဖျက်ဆီးခဲ့မှုနှင့်ပတ်သက်ပြီး အများပြည်သူမှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချနေမှုများ၊ အကြမ်းဖက်သောင်းကျန်းသူများ၏ ၁၀ နှစ်အရွယ် ကလေးငယ်များပါမချန် အတင်းအဓမ္မလူသစ်စုဆောင်းနေမှုအခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Sun Weidong အား လက်ခံတွေ့ဆုံခဲ့မှုခရီးစဉ်အတွင်း နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ရင်းနှီးချစ်ကြည်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်လျက်ရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည့် အခြေအနေများ၊ မြဝတီမြို့အနီးရှိ အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်၍ KNU မှ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဗြောင်လိမ်ဗြောင်စား ကြေညာချက်ထုတ်ပြန်မှု၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုင်းရင်းသားပြည်သူများ၊ မိသားစုဝင်များလုံခြုံရေးအတွက် ဦးစားပေးဆောင်ရွက်နေမှု အခြေအနေများ၊ အကြမ်းဖက်သောင်းကျန်းသူများ၏ တရုတ်ဘာသာဖြင့်အသုံးပြုသည့် လူမှုကွန်ရက်စာမျက်နှာများတွင် ဒေသခံတိုင်းရင်းသားပြည်သူများက သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ဝင်ရောက်ရေးသားကန့်ကွက်မှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

ဒီနေ့မှာတော့ လောက်ကိုင်ဒေသ စီအောကျေးရွာရဲ့မြောက်ဘက် ဆင်ဦးကင်းတောင် ပွိုင့် ၂၂၀၂ မှာရှိတဲ့ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် တိုင်း အမြတ်တနိုးတန်ဖိုးထားတဲ့ ဘုရားစေတီတော်ကို MNDAA အကြမ်းဖက်သောင်းကျန်းသူတွေက ဖျက်ဆီးနေတဲ့ပုံကို မနေ့ကတည်းက လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ ဒီနေ့မှာတော့ မန္တလေးမြို့မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆန္ဒပြမှု များလည်းရှိပါတယ်။ ဒီတင်ထားတဲ့ဗီဒီယိုဖိုင်ကို ကြည့်တဲ့အခါမှာလည်း ဗုဒ္ဓဘာသာဝင်အားလုံးကို လှောင်ပြောင်စော်ကား၊ ဘာသာရေးကိုစော်ကားတဲ့ပုံစံ၊ မြန်မာတစ်မျိုးသားလုံးကို စော်ကားတဲ့ပုံစံတင်ထားတာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ သောင်းကျန်းသူတွေ ဘက်ကတော့ အကြောင်းအမျိုးမျိုးပြကြတာပေါ့။ သို့သော်ယခင် ကတည်းက ဘုရားစေတီတွေ၊ ကျောင်းကန်တွေကို သောင်းကျန်းသူတွေအနေနဲ့ ဖျက်ဆီးတဲ့ အထောက်အထားအများအပြား ရှိပါတယ်။ အနီးစပ်ဆုံးပြောရရင် မူဆယ်မြို့အဝင်မှာရှိတဲ့ ရပ်တော်မူဘုရား ကျောင်းဝင်း၊ ဘုန်းကြီးကျောင်းဝင်းကို Drop Bomb နဲ့ အကြောင်းမဲ့ ပစ်ချခဲ့တာတွေ ရှိပါတယ်။ ဒါ့အပြင် အခြားသော သောင်းကျန်းသူတွေအနေနဲ့လည်း ဗုဒ္ဓဘာသာဝင်ဘုရားစေတီတွေအပေါ်မှာ အကာအကွယ်ယူပြီး ပစ်ခတ်တာတွေ၊ ခံစစ်စခန်းလုပ်တာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီလိုဖြစ်တဲ့ပုံစံတွေက သူတို့ပြောနေတဲ့ ဒီမိုကရေစီအရေး၊ ဖက်ဒရယ်ပြည်ထောင်စုအရေးနဲ့ လားလားမျှသက်ဆိုင်ခြင်းမရှိပါဘူး။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေအပေါ်မှာ သက်သက်စော်ကားခြင်း၊ စော်ကားပြခြင်းဖြစ်ပါတယ်။ ဒါတွေဘာကြောင့်ဖြစ်ရလဲဆိုတော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေကြားထဲမှာ သွေးကွဲနေမှုတွေကို သပ်လျှိုတာ၊ သွေးကွဲနေမှုတွေအပေါ်မှာ အခွင့်ကောင်းယူတာ ဖြစ်ပါတယ်။ ဒါတွေကို သတိရှိကြဖို့လိုပါတယ်။ အကြမ်းဖက်သောင်းကျန်းသူတွေအနေနဲ့ သူတို့ခေတ္တရရှိသွားတဲ့ နယ်မြေတွေမှာ လူသစ်စုဆောင်းတာတွေ အတင်းအဓမ္မဆောင်ရွက် လျက်ရှိကြောင်း တွေ့ရပါတယ်။ ကွတ်ခိုင်နဲ့တစ်ဝိုက်မှာဆိုရင် ၁၀ နှစ်အရွယ်ရှိတဲ့ ယောက်ျားလေးဆိုရင် သောင်းကျန်းသူတပ်ဖွဲ့ထဲမှာ ပညာသင်ပေးမယ်၊ ပညာရရမယ်ဆိုပြီး ဆွဲဆောင်စည်းရုံးနေတာ တွေရှိပါတယ်။ အတင်းအဓမ္မလူသစ်စုဆောင်းတာတွေ ရှိပါတယ်။ ဒါကြောင့် အဲဒီဒေသတွေမှာရှိနေတဲ့ နေရပ်စွန့်ခွာပြီး ထွက်ပြေးလာကြတဲ့လူတွေ များပြားနေတာကိုလည်း တွေ့ရပါတယ်။ သူတို့လွှမ်းမိုးထားတဲ့နယ်မြေအတွင်းမှာရှိနေတဲ့ ယောက်ျားလေးဆိုရင် တိုက်ခိုက်ရေးတပ်ထဲဝင်ရမယ်။ အမျိုးသမီးတွေဆိုရင် အထောက်အကူပြုတပ်ဖွဲ့ Drone တပ်ဖွဲ့ထဲဝင်ရမယ်ဆိုပြီး အတင်းအဓမ္မ လူသစ်စုဆောင်းနေတာတွေကိုလည်း တွေ့ရပါတယ်။ ဒါတွေက ကျွန်တော်တို့နိုင်ငံမှာ အကြမ်းဖက်သောင်းကျန်းသူတွေ အမြဲတမ်းဆောင်ရွက်နေတဲ့ အရာတွေဖြစ်ပါတယ်။ ဒီဖြစ်စဉ်အမှန်တွေကိုလည်း ပြည်ဖျက်မီဒီယာတွေက ဖုံးဖိပြီးဆောင်ရွက်နေတာကို တွေ့ရပါတယ်။

တစ်ချက်ကတော့ တရုတ်နိုင်ငံရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Sun Weidong မြန်မာနိုင်ငံကို လာရောက်ပြီး နိုင်ငံတော်ဝန်ကြီး ချုပ်၊ တာဝန်ရှိသူများနဲ့ တွေ့ဆုံခဲ့တာရှိပါတယ်။ ဒီနေရာမှာတော့ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားပြီး ဆွေးနွေးနိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲမှာလည်း ပြောရေးဆိုခွင့်ရှိသူအနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်း ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်ကို ပြောကြားသွားတာတွေ့ရပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို တရုတ်နိုင်ငံအနေနဲ့ အမြဲတမ်းအခိုင်အမာ ထောက်ခံအားပေးပြီး ပြဿနာဖြစ်အောင် လှုံ့ဆော်နေတဲ့ ဘယ်အဖွဲ့အစည်းကိုမှ ထောက်ခံမှာ မဟုတ်ပါဘူးလို့ ပြောကြားခဲ့တာရှိပါတယ်။ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများဟာ မြန်မာနိုင်ငံမှာရှိတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးရဲ့ အကျိုးစီးပွားအတွက်ဖြစ်ပြီး တရုတ် – မြန်မာနယ်စပ်ငြိမ်းချမ်းရေးကို ထိန်းသိမ်းရာမှာ အထောက်အကူဖြစ်စေရမည်လို့ ပြောကြားခဲ့တာရှိပါတယ်။ မြေပြင်အခြေအနေမှာ တင်းမာမှုတွေ ပြေလျော့ပြီးတော့မှ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အစပျိုးဖို့ မြန်မာနိုင်ငံမြောက်ပိုင်း အခြေအနေများ ပြန်လည်တည်ငြိမ်စေဖို့ ပူးပေါင်းဆောင်ရွက်ကြမယ်လို့ ပြောကြားခဲ့တာ ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ယခင်ကတည်းက ကျွန်တော်တို့ရဲ့ နိုင်ငံရေးရည်မှန်းချက်ထဲမှာ ပြည်ထောင်စုစနစ်နဲ့၊ ဖက်ဒရယ် စနစ်နဲ့သွားဖို့အတွက် ကျွန်တော်တို့ ရည်မှန်းထားပြီးဖြစ်ပါတယ်။ ဒီဟာတွေသည် နိုင်ငံရေးအရတောင်းဆိုရမယ့်အရာ ဖြစ်ပါတယ်။ ဒါတွေကိုလည်း ကျွန်တော်တို့အစိုးရအနေနဲ့ ပွင့်လင်းစွာပြောဆို ပြီးဖြစ်ပါတယ်။ သို့သော်ခုနကပြောသလို လက်နက်ကိုင်သောင်းကျန်းမှု၊ လက်နက်ကိုင်နယ်မြေလုမှုတွေကနေ လက်နက်ကိုင်ပြီး ဘာသာရေးကိုပါ စော်ကားတဲ့တစ်မျိုးသားလုံး အမြတ်တနိုးထားတဲ့ ဘာသာရေးကိုပါ စော်ကားတဲ့အပြုအမူများနဲ့ သွေးတိုးစမ်းလာတာ တွေသည် မြန်မာပြည်သူလူထုတစ်ရပ်လုံးအတွက် မြန်မာပြည်သူ တစ်ရပ်လုံးကို စော်ကားခြင်း၊ မြန်မာပြည်သူလူထုတစ်ရပ်လုံး အတွက် များစွာသော စိတ်ထိခိုက်မှုဖြစ်ရပါတယ်။ ဒါတွေကို ကျွန်တော်တို့အနေနဲ့ ပြန်လည်ပြီးတွန်းလှန်သွားရမယ်။ ပြန်လည်ပြီး သွေးစည်းသွားရမယ်။ ပြန်လည်ပြီးညီညွတ်သွားရမှာ ဖြစ်ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဝင်ရောက်ဆောင်ရွက်ကူညီပေးတာကို မြန်မာနိုင်ငံအနေနဲ့ အမြဲတမ်း ကျေးဇူးတင်ရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း ယခင်တုန်းကကျွန်တော်တို့ ပြောနေကျဖြစ်တဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ် အေးအတူပူအမျှ အသိုက် အဝန်းထူထောင်ရေး ဒီမူဝါဒတွေကို လက်ခံထားတဲ့အပြင် တရုတ်နိုင်ငံသမ္မတကြီး ရှီကျင်းဖျင်ရဲ့ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး အစီအမံ၊ လုံခြုံရေးအစီအမံ၊ လူသားယဉ်ကျေးမှုအစီအမံ အကောင်အထည်ဖော်ခြင်းတွေကို မြန်မာနိုင်ငံအနေနဲ့ ထုတ်ပြန်ပြီးမကြာခင်မှာပဲ ဦးစွာထောက်ခံမှုပြုခဲ့တဲ့ နိုင်ငံဖြစ်ကြောင်းလည်း ပြောလိုပါ တယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ကျွန်တော်တို့ရဲ့မူဝါဒအတိုင်းပဲ အိမ်နီးနားချင်းနိုင်ငံနဲ့ အိမ်နီးနားချင်းနိုင်ငံတွေရဲ့ ပြည်သူလူထုအပေါ်မှာ အကျိုးစီးပွားထိခိုက်အောင်လုပ်တဲ့ မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်ကိုမှ မြန်မာမြေပေါ်မှာအခြေချပြီး လုပ်ကိုင်ခွင့် ပေးမှာမဟုတ်ပါဘူး။ နောက်တစ်ခုကတော့ ကေကေပတ်ကိစ္စဖြစ်ပါတယ်။ မြဝတီမြို့ရဲ့တောင်ဘက်မှာ ကေကေပတ်ဆိုတဲ့ နေရာတစ်ခုရှိပါတယ်။ ဒီနေရာသည် KNU နဲ့ ကုမ္ပဏီတစ်ခုနဲ့ လက်မှတ်ထိုးပြီး တည်ဆောက်ခဲ့တဲ့ နေရာဖြစ်ပါတယ်။ ဒီနေ့မှာ KNU အနေနဲ့ ပညာ တတ်ထုတ်တဲ့ပုံစံမျိုး လုပ်ခဲ့တာတွေ့ရပါတယ်။ ဗြောင်လိမ်ဗြောင်စား လုပ်တဲ့ပုံစံမျိုး လုပ်ခဲ့တာတွေ့ရပါတယ်။ မြဝတီမြို့အနီးမှာရှိတဲ့ အွန်လိုင်းလိမ်လည်မှု ကျားဖြန့်ကိစ္စတွေနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံအစိုးရ၊ တရုတ်အစိုးရတို့နဲ့ ပူးပေါင်းပြီး ဆောင်ရွက်မယ်ဆိုတဲ့ဟာမျိုး ထုတ်ပြန်ခဲ့တာရှိပါတယ်။ ဗြောင်လိမ်ဗြောင်စား လုပ်ဆောင်ခြင်း သာဖြစ်တယ်လို့ ကျွန်တော်ပြောကြားလိုပါတယ်။ အဲဒီမှာနာမည်ကြီးနေတဲ့ အွန်လိုင်းလောင်းကစားမှု၊ လူမှောင်ခိုလုပ်မှု နာမည်ကြီးနေတဲ့ ကေကေပတ်ဆိုတာသည် သူတို့နဲ့ကုမ္ပဏီတစ်ခုနဲ့ လက်မှတ်ထိုးပြီးတည်ဆောက်ထားတဲ့ နေရာသာဖြစ်ပါတယ်။ ဒါတွေကိုလည်း ကျွန်တော်တို့အားလုံး သတိရှိရမှာဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ လက်တလောမှာ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာတော့ မိသားစုဝင်များ လုံခြုံရေးအတွက်ဦးစားပေးပြီး လုပ်ဆောင်သင့် လုပ်ဆောင် ထိုက်တာတွေကို လုပ်ဆောင်ခဲ့ရတာတွေရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးလည်း အချိန်အခါကိုက်ပြီး ပြည်ဖျက်မီဒီယာများ၊ အဖွဲ့အစည်းအမျိုးမျိုးက တပ်မတော်ကို သွေးခွဲလှုံ့ဆော်နေတာတွေရှိကြောင်း တွေ့ရပါတယ်။ သပ်လျှိုသွေးခွဲနေတာတွေလည်း တွေ့ရပါတယ်။ ဒါ့အပြင် ခုနကပြောသလို မြန်မာနိုင်ငံအတွင်းမှာ မြန်မာအချင်းချင်း မညီညွတ်မှုကို အကြောင်းပြုပြီး သပ်လျှိုသွေးခွဲမှုမျိုးစုံ လုပ်နေတာရှိပါတယ်။

ဒီလိုသွေးကွဲမှုတွေကြောင့်ပဲ ဒီနေ့ဒီအချိန်မှာ တစ်မျိုးသားလုံးတန်ဖိုးထားရတဲ့ ဘာသာတရားကို တိုက်ရိုက်ထိပါး စော်ကားတဲ့ အပြုအမူမျိုးတွေအထိလုပ်လာတာ တွေ့ရပါတယ်။ ဒီနေရာမှာ ကျွန်တော်ပြောချင်တာကတော့ ဒီဟာတွေသည် ဒါတွေနဲ့ ပတ်သက်ပြီး ပြည်ပမီဒီယာတွေမှာလည်း အမျိုးမျိုးရေးသားနေတာ တွေ့ရပါတယ်။ MNDAA ၊ TNLA သောင်းကျန်းသူတွေနဲ့ ပတ်သက်ပြီး လော်ဘီလုပ်နေတဲ့ တရုတ်လူမှုကွန်ရက်စာမျက်နှာများကိုလည်း တွေ့ရပါတယ်။ ဒီလူမှုကွန်ရက်စာမျက်နှာတွေကို သွားရောက်လေ့လာကြည့်တဲ့အခါမှာ ဒီမြန်မာနိုင်ငံထဲမှာရှိတဲ့ သတင်း တွေကို ဒီ MNDAA ၊ TNLA ကိုယ်တိုင်ဦးစီးပြီး လုပ်ဆောင်နေတာ တွေ့ရမယ်။

သို့သော် အဲဒီမှာ ထူးခြားချက်က ကျွန်တော်တို့ မြန်မာပြည်တွင်းမှာပဲ နေထိုင်နေတဲ့၊ ဒီနယ်မြေတွေမှာ လက်တွေ့နေထိုင်နေတဲ့ တရုတ်လူမျိုးတွေ၊ တရုတ်စာတတ်တဲ့သူတွေကအောက်မှာ ကွန်းမန့်တွေ ရေးထားတာတွေ့ရပါတယ်။ အဲဒီကွန်းမန့်တွေကို လေ့လာကြည့်တဲ့အခါမှာ သူတို့ရဲ့သဘောထားတွေနဲ့မတူဘဲ လုံးဝဆန့်ကျင်နေတာကို တွေ့ရပါလိမ့်မယ်။ သူတို့အနေနဲ့ လွတ်မြောက်ရေးဆိုတဲ့ စကား တွေ၊ ကျားဖြန့်တိုက်ဖျက်ရေးဆိုတဲ့ စကားတွေ တွင်တွင်သုံးစွဲပေမယ့် အဲဒီမှာ လက်တွေ့ရှိနေတဲ့ တရုတ်နိုင်ငံသားတွေ၊ တရုတ်စကား တတ်တဲ့သူတွေအနေနဲ့ ဒါတွေသည် ကျားဖြန့်ကိုအကြောင်းပြတဲ့ လိမ်လည်မှုတွေသာဖြစ်တယ်။ ဘာမှငါတို့နယ်မြေလွတ်မြောက် စရာမရှိဘူး။ ငါတို့နယ်မြေသည် အရင်ကတည်းကတိုင် ငါတို့နေတဲ့ နေရာတွေသည် လွတ်မြောက်ပြီးသားဖြစ်တယ်။ ဒီ MNDAA ,TNLA သောင်းကျန်းသူတွေလုပ်လို့သာ ငါတို့ရဲ့စီးပွားရေး၊ လူမှုရေးပျက်ပြား ရတယ်။ ဒါ့အပြင် Comment တွေကို ထောက်ခံတဲ့သူတွေအပေါ် မှာလည်း ထပ်ပြီး ဒီထောက်ခံတဲ့သူတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ အရေးကို ဘာမှမသိဘဲနဲ့ ထောက်ခံနေတာဖြစ်တယ်။ လက်တွေ့ မြေပြင်မှာသိတာ ငါတို့ပဲရှိတယ်။ ငါတို့သည် မြန်မာပြည်သူတွေနဲ့ တစ်သွေးတစ်သားတည်းဖြစ်တယ်။ မြန်မာပြည်မှာ နေထိုင်လာတာ လည်းကြာပြီဆိုတဲ့ အရေးအသားမျိုးတွေကိုလည်း လေ့လာတွေ့ရှိ ရပါတယ်။ ဒါတွေသည် နယ်မြေခံလူထုမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေပဲဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံတဲ့အခါမှာလည်း ပြောခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပြည်သူလူထုလုံခြုံရေး၊ နယ်မြေဒေသလုံခြုံရေးအတွက် ပြည်သူ့လုံခြုံရေးစနစ်၊ ပြည်သူ့ကာကွယ်ရေးစနစ်တွေကို တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပိုမိုပြီးလုံခြုံတဲ့၊ ပိုမိုပြီး ကာကွယ်နိုင်တဲ့ စနစ်များကို ကျွန်တော်တို့ တိုးမြှင့်ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ဒီနေရာမှာ အဓိကလိုအပ်ချက်က ကျွန်တော်တို့ ပြည်သူလူထုပဲဖြစ်ပါတယ်။ ပြည်သူလူထုအနေနဲ့ ပြည်သူ့လုံခြုံ ရေးစနစ်၊ ကာကွယ်ရေးစနစ်တွေမှာ မိမိတို့တတ်စွမ်းသမျှ ပါဝင်ခြင်းဖြင့် နိုင်ငံတော်၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ ကျွန်တော်တို့တန်ဖိုးထားရတဲ့ ဘာသာတရားကို ကာကွယ်စောင့်ရှောက်သွားဖို့ တိုက်တွန်းပြောကြားလိုပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။