Trending Now

NDP(KACHIN) ပါတီက ၂၀၂၀ရွေးကောက်ပွဲတွင် မြို့နယ်သုံးခု၌ ဝင်ပြိုင်မည်

Spread the love

NDP(KACHIN) ပါတီက ၂၀၂၀ရွေးကောက်ပွဲတွင် မြို့နယ်သုံးခု၌ ဝင်ပြိုင်မည်

 

EPN
မြစ်ကြီးနား၊ ဇူလိုင် ၄

ဒီမိုကရေစီပါတီသစ်(ကချင်) ပါတီ၊ NDP (KACHIN) က ၂၀၂၀ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အတွင်း မြို့နယ် ၃မြို့နယ်၌ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု NDP(KACHIN) မှ သိရသည်။

NDP(KACHIN)သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ပထမဆုံး အကြိမ် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီ အသစ်များတွင် တစ်ခု အပါအဝင်ဖြစ်ပြီး ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်သုံးမြို့နယ်၌သာ ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း NDP(KACHIN) ပါတီ အတွင်းရေးမှူး ဦးခေါတိန့်က ဆိုသည်။

”ကျွန်တော်တို့ပါတီက ဆော့လော်မြို့နယ်၊ ချီဖွေမြို့နယ်၊ ဝိုင်းမော်မြို့နယ် ဆိုပြီတော့ ဒီသုံးမြို့နယ်မှာပဲ အခြေစိုက်ပြီးတော့ တည်ထောင်ထားတဲ့ ပါတီဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း ဒီရွေးကောက်ပွဲကို ဝိုင်းမော်၊ ချီဖွေ၊ ဆော့လော် အဲ့ဒီသုံးမြို့နယ်မှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့အတွက် ပြင်ဆင် နေပါတယ်”ဟု ပါတီအတွင်းရေးမှူး ဦးခေါတိန့် က ပြောသည်။

NDP(KACHIN) မှ ပါဝင်ယှဉ်ပြိုင်သွားမည့် မြို့နယ် သုံးမြို့နယ်လုံးမှာ ပြည်သူ့၊ အမျိုသား၊ ပြည်နယ် လွှတ်တော်စသည့် မဲဆန္ဒနယ်များအတွက် ကိုယ်စားလှယ်လောင်းများကို စေလွှတ်သွားမည်ဟု ၎င်းက ထည့်သွင်း ပြောဆိုသည်။

ထို့အပြင် NDP(kachin) ပါတီအနေနှင့် လက်ရှိတွင် ၂၀၂ဝ ရွေးကောက်ပွဲ အတွက် လွှတ်တော်ကိုယ်စား လှယ်လောင်း ရွေးချယ်ဖို့အတွက် အမည်စာရင်းပြုစုသည့် လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိပြီး ယခုဇူလိုင်လကုန်ပိုင်းတွင် ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို ချပြသွားမည် ဖြစ်ကြောင်း သိရသည်။

၂၀၂၀ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က ဇူလိုင်လ (၁)ရက်နေ့က ထုတ်ပြန်ကြေငြာထားသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။