Trending Now

ပုဏ္ဏားကျွန်းမြို့နယ်မှာ မှိုချက်စားပြီး အစာဆိပ်သင့်လို့ ၁၃ ဦး ဆေးရုံတင်ထားရ

Spread the love

ပုဏ္ဏားကျွန်းမြို့နယ်မှာ မှိုချက်စားပြီး အစာဆိပ်သင့်လို့ ၁၃ ဦး ဆေးရုံတင်ထားရ

EPN
မြစ်ကြီးနား၊ ဇွန် ၁၃

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ မှိုဟင်းချက်စားပြီး အစာအဆိပ်သင့်လို့ ကလေးငယ် ၃ ဦးအပါအဝင် ၁၃ ဦး ဆေးရုံတင်လိုက်ရတဲ့ဖြစ်စဉ်တွေ ဇွန် ၁၂ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အစားဆိပ်သင့်လို့ ဆေးရုံတင်လိုက်ရသူတွေဟာ ပုဏ္ဏားကျွန်းမြို့၊ မြို့သစ်ရပ်ကွက်က ၅ ဦး၊ စံပြရပ်ကွက်က ၄ ဦးနဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ သာစည်ကျေးရွာက ၄ ဦးတို့ဖြစ်ကြောင်း သိရပါတယ်။

“သူတို့အားလုံးက မနက်စာ ထမင်းစားပြီးတော့ မူးတယ်၊ အန်တယ်ပြောတယ်။ ဆေးရုံရောက်တဲ့ အချိန်တွေတော့ မတူဘူး။ တူတာကတော့ သူတို့အားလုံးက မှိုချက်စားပြီးတော့ အစာအဆိပ်သင့်တာလို့ သိရတယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့ကလည်း လပွတ္တာမြို့နယ်မှာ မှိုဟင်းချက်စားမိတဲ့ အမျိုးသမီးနှစ်ဦး အစာအဆိပ်သင့်လို့ အရေးပေါ်ဆေးရုံပို့ဆောင်ပေးခဲ့ရတဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဝလုံး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။