Trending Now

ဆီးဂိမ်းအမျိုးသမီးပြိုင်ပွဲ မြန်မာ နှင့် ထိုင်းသရေကျ

Spread the love

ဆီးဂိမ်းအမျိုးသမီးပြိုင်ပွဲ မြန်မာ နှင့် ထိုင်းသရေကျ

EPN
မြစ်ကြီးနား၊ မေ ၁၄

(၃၁) ကြိမ်မြောက် ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု(ခ)ဒုတိယနေ့ကို မေ ၁၃ ရက်က ဆက်လက်ကျင်းပရာ မြန်မာနှင့် ထိုင်းအသင်း တစ်ဂိုးစီသရေကျခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ထားသည်။

ယခုပွဲတွင် အနိုင်ရသည့်အသင်းသည် အုပ်စုပထမ နေရာရယူနိုင်မည် ဖြစ်သောကြောင့် နှစ်သင်းစလုံး ကြိုးစား ခဲ့သော်လည်း သရေရလဒ်ဖြင့်သာ ပြီးဆုံးခဲ့ခြင်းဖြစ်သည်။

ထိုင်းအသင်းသည် ပွဲစကတည်းက ဂိုးပေါက်ခြိမ်းခြောက်မှု ပြုလုပ်နိုင်ခဲ့ပြီး ၁၃ မိနစ်တွင် မာခ်ရစ်က ပယ်နယ် တီ ဧရိယာထိပ်မှ ကန်သွင်းကာ ဦးဆောင်ဂိုးရယူပေးသွားခဲ့သည်။

မြန်မာအသင်းသည် မိနစ် ၇၀ ကျော်အထိတစ်ဂိုးဖြင့် အရေးနိမ့်နေသော် ၇၆ မိနစ်တွင် မြန်မာအသင်း ချေပဂိုးပြန်ရခဲ့ပြီး ထောင့်ကန်ဘောမှတစ်ဆင့် တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက ခေါင်းတိုက် သွင်းယူခဲ့ခြင်းကြောင့် ချေပဂိုးကြောင့် သရေတစ်မှတ် ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်း၏ ပွဲထွက် လူစာရင်းတွင် မေဇင်နွယ် (ဂိုး)၊ အေးအေးမိုး၊ ချစ်ချစ်၊ ခင်သန်းဝေ၊ ဖြူဖြူဝင်း၊ သင်းသင်းယု၊ နော်ထက်ထက်ဝေ၊ ခင်မာလာထွန်း၊ ဂျူလိုင်ကျော်၊ မြတ်နိုးခင်၊ ဝင်းသိင်္ဂီထွန်းတို့ဖြင့် ပွဲထွက်ခဲ့ပြီး ထိုင်းအသင်းကလည်း အမာခံကစားသမား အစုံအလင် ဖြင့် ပွဲထွက်ခဲ့ပြီး ပွဲစကတည်းက တိုက်စစ်အသားပေးပုံစံဖြင့် ကစားခဲ့သည်။

အုပ်စု (ခ) ဒုတိယနေ့အပြီးတွင် မြန်မာနှင့် ထိုင်းအသင်းက လေးမှတ်စီ၊ စင်ကာပူ အသင်းက သုံးမှတ်ရထားပြီး လာအိုအသင်းက နှစ်ပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။ မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် မေ ၁၅ ရက်တွင် စင်ကာပူအသင်းနှင့် ကစားရမည်ဖြစ်သည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။