Trending Now

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် နဂါးလှေလှော်ပြိုင်ပွဲ မြန်မာအသင်း ကြေးတံဆိပ်ရရှိ

Spread the love

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် နဂါးလှေလှော်ပြိုင်ပွဲ မြန်မာအသင်း ကြေးတံဆိပ်ရရှိ

EPN
နေပြည်တော်၊ အောက်တိုဘာ၆ (၂၀၂၃)

တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ နဂါးလှေလှော်ပြိုင်ပွဲတွင် မြန်မာအသင်းမှ ကြေးတံဆိပ်ဆုကို ရရှိခဲ့ကြောင်း သိရသည်။

(၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/ အားကစားရုံများ၌ ကျင်းပလျက်ရှိရာ နဂါးလှေ (Dragon Boat) အမျိုးသား/ အမျိုးသမီး မီတာ၅၀၀ (၁၂) တက်လှော် ပြိုင်ပွဲများကို ဝမ်ကျိုးမြို့ Wenzhou Dragon Boat Center ၌ အောက်တိုဘာ ၅ရက်နေ့၊ နံနက် ၉ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းနောက် အမျိုးသမီး မီတာ ၅၀၀ (၁၂) တက်လှော်ပြိုင်ပွဲ ပွဲစဉ်တွင် ပြိုင်ပွဲဝင် (၉)သင်း ဝင်ရောက်ယှဉ်ပြိုင်ရာ တရုတ်အသင်းက ပထမ၊ အင်ဒိုနီးရှားအသင်းက ဒုတိယနှင့် မြန်မာအသင်းက တတိယရရှိခဲ့ပြီး မြန်မာနိုင်ငံအတွက် ကြေးတံဆိပ်ဆု ဆွတ်ခူးရယူ ပေးနိုင်ခဲ့ပြီး၊ အမျိုးသား မီတာ ၅၀၀ (၁၂) တက်လှော်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၁၂ သင်း ဝင်ရောက်ယှဉ်ပြိုင်ရာ တရုတ်အသင်းက ပထမ၊ အင်ဒိုနီးရှားအသင်းက ဒုတိယ၊ ထိုင်းအသင်းက တတိယရရှိခဲ့ကြပြီး မြန်မာအသင်းက အဆင့် (၅) နေရာရရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၆ ရက် ပွဲစဉ်များတွင်လည်း နဂါးလှေလှော် (Dragon Boat) အားကစားနည်း အမျိုးသား မီတာ ၁၀၀၀ (၁၂) တက် လှော်ပြိုင်ပွဲနှင့် အမျိုးသမီး မီတာ ၁၀၀၀ (၁၂) တက် လှော်ပြိုင်ပွဲများတွင်လည်း ဆက်လက်ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

အမရာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။