Trending Now

ရန်ကုန်တိုင်းအသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ရသည့် ကချင်ပြည်နယ်အသင်း

Spread the love

ရန်ကုန်တိုင်းအသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ရသည့် ကချင်ပြည်နယ်အသင်း

EPN
နေပြည်တော်၊ မတ် ၃၀ (၂၀၂၄)

နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ယမန်နေ့ (မတ် ၂၉ ရက်)၊ ညနေပိုင်းကကျင်းပခဲ့သည့် ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ယူ-၂၅ ဘောလုံးပြိုင်ပွဲ (အမျိုးသား)ဗိုလ်လုပွဲတွင် ကချင်ပြည်နယ်အသင်းမှာ ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရန်ကုန်တိုင်းအသင်းကို ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

ဗိုလ်လုပွဲတွင် ကချင်ပြည်နယ်အသင်းနှင့်ရန်ကုန်တိုင်းအသင်းတို့ အပြန်အလှန် ထိုးဖောက်တိုက်စစ်ဆင် ကစားခဲ့ကြသော်လည်း သာမန်ပွဲကစားချိန် (မိနစ် ၉၀) ပြီးဆုံးချိန်၌ သရေရလဒ် ထွက်ပေါ် ခဲ့သဖြင့် အချိန်ပို ကစားခဲ့ကြရသည်။

အချိန်ပို ကစားချိန်၏ ၄ မိနစ်တွင် ရန်ကုန်တိုင်းအသင်းက ဦးဆောင်ဂိုး သွင်းယူခဲ့သော်လည်း ပွဲကစားချိန် ၂၄ မိနစ်တွင် ကချင်ပြည်နယ်အသင်းက ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့သဖြင့် အချိန်ပို ကစားပြီးချိန်တွင်လည်း သရေရလဒ် ထွက်ပေါ်ခဲ့သည့်အတွက် ပင်နယ်တီကန်သွင်းကြရာ ရန်ကုန်တိုင်းအသင်းက အနိုင်ရရှိခဲ့သည်။

အဆိုပါ ဗိုလ်စွဲခဲ့သည့် ရန်ကုန်တိုင်းအသင်းအား နစက ဥက္ကဋ္ဌက ဂုဏ်ပြုချီးမြှင့်ငွေနှင့် တံခွန်စိုက်ဖလားတို့ကို ပေးအပ်ချီးမြှင့်ကာ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက တစ်ဦးချင်းဆုတံဆိပ်များချီးမြှင့်ပေးခဲ့သည်။

အလားတူ ဒုတိယဆုရရှိခဲ့သည့် ကချင်ပြည်နယ်အသင်းအား ကောင်စီဝင်ဗိုလ်ချုပ်ကြီး မြထွန်းဦးက တစ်ဦးချင်း ဆုတံဆိပ်များ၊ ဂုဏ်ပြုဆုနှင့် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။