Trending Now

မိုးကောင်းမြို့ အထက်တန်းကျောင်းတစ်ခုတွင် ကျောင်းသားအဖြစ်ဟန်ဆောင်ကာ ဆရာဆရာမ နားနေဆောင်အား ဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့

Spread the love

မိုးကောင်းမြို့ အထက်တန်းကျောင်းတစ်ခုတွင် ကျောင်းသားအဖြစ်ဟန်ဆောင်ကာ ဆရာဆရာမ နားနေဆောင်အား ဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့

EPN
မြစ်ကြီးနား၊ သြဂုတ်၂၀

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ မနက် ၇ နာရီခန့်က ဆရာ ဆရာမ များ နားနေဆောင်အတွင်း ကျောင်းသားအဖြစ်ဟန်ဆောင်ကာ ဝင်ရောက်ဗုံး ဖောက်ခွဲခဲ့သည့် ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့ကြောင်း အနီးအနားရှိ ဒေသခံများထံမှ သိရသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုတွင် လာရောက်ဖောက်ခွဲသူမှာ ကျောင်းဝတ်စုံအဖြူအစိမ်းဖြင့် ကျောင်းအတွင်း ဝင်ရောက်ခဲ့ပြီးနောက် ဆရာ၊ဆရာမ နားနေဆောင်သို့သွားကာ ဖောက်ခွဲခဲ့ပြီးနောက် ပြန်လည်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း အနီးအနားရှိ ဒေသခံတစ်ဦးကပြောသည်။

” မနက်ပိုင်း ကျောင်းသားတွေတော့ မစုံသေးဘူး၊ အဝင်တော့ မသိလိုက်ဘူး ကျောင်းသားပဲ ထင်နေခဲ့တာ၊ ကျောင်းဝတ်စုံအဖြူအစိမ်းဝတ်ထားတော့ မသိလိုက်ဘူး၊ ၊ ပေါက်ကွဲမှုဖြစ်ပြီးတော့ အဲ့ဒီကလေးက ကျောင်းအပြင်ကိုထွက်လာတာ ဂိတ်မှာ ဆရာမတွေက ရပ်ခိုင်းပြီးမေးကြည့်မယ်လုပ်တော့ ထွက်ပြေးသွားခဲ့တယ်၊” ဟု ၎င်းကပြောသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် အထက (၂) ဆရာ၊ ဆရာမ နားနေဆောင်အတွင်းရှိ ပစ္စည်းများ ပျက်စီးခဲ့သော်လည်း လူအထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

အလားတူ ဇူလိုင်လ ၁၅ ရက်နေ့ကလည်း မိုးကောင်းမြို့စည်ပင်သာယာရေးရုံးအတွင်း ဝါဆိုသင်္ကန်းကပ်ဟုဆို ကာရောက်ပို့ဆောင်သည့် စတီးချိုင့်အတွင်းမှ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

ဗညားနွဲ့
သတင်းဓါတ်ပုံများကြည့်ရှုရန် >> https://www.facebook.com/100791942286161/posts/203794128652608/

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။