Trending Now

တနိုင်းမြို့တွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် တစ်လစာ စားနပ်ရိက္ခာများထောက်ပံ့

Spread the love

တနိုင်းမြို့တွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် တစ်လစာ စားနပ်ရိက္ခာများထောက်ပံ့

 

EPN
တနိုင်း၊ ဇွန် ၅

ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် တနိုင်းမြို့ တွင်းရှိ တိုက်ပွဲရှောင်စခန်းနေ ပြည်သူများအတွက် တစ်လစာ စားနပ်ရိက္ခာများ ထောက်ပံ့မှုကို ယနေ့ ဇွန်လ ၅ ရက်နေ့က ယင်းတိုက်ပွဲရှောင်စခန်းများသို့ ထောက်ပံ့ပေးခဲ့သည်။

တနိုင်းမြို့၊ ကင်ဆားရာရပ်ကွက်ရှိ ကေဘီစီတိုက်ပွဲရှောင်စန်းနှင့် RC တိုက်ပွဲရှောင်စခန်းနှင့် တနိုင်းမြို့ မုန်ဒိန်ရပ်ကွက်ရှိ C.O.C တိုက်ပွဲရှောင်နှင့် AG တိုက်ပွဲရှောင်စခန်းတို့အတွက် တစ်လစာ ဆန်၊ ဆီ၊ ဆား၊ ပဲ တို့ကို ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီကိုဗစ်ရောဂါဖြစ်နေတဲ့အချိန်မှာ ကျတော်တို့အစိုးရအဖွဲ့အနေ နဲ့ ထုတ်ပြန်ထားတဲ့ အပြင်မထွက်နဲ့လို့ ထုတ်ပြန်ထားပါတယ်။ တိုက်ပွဲရှောင်စခန်းနေမိဘပြည်သူများသည် အပြင်ထွက်ပြီးတော့ ကလေးတွေ မုန့်ဖိုးရအောင် နေ့စားလိုက်တာတို့ တခြားလုပ်ငန်းလုပ်တာရှိပါတယ်။ သို့သော် အခုဆို ဘာမှမလုပ်ရ ဘဲနဲ့ Home Stay သဘောမျိုး ဒီစခန်းမှာပဲနေတဲ့ အနေအထားဖြစ်တဲ့တွက် အစိုးရအနေ နဲ့ အတတ် နိုင်ဆုံး ထောက်ပံ့ပေးခြင်းဖြစ်ပါတယ်။” ဟု စားနပ်ရိက္ခာထောက်ပံ့ရခြင်းနှင့် ပတ်သက်၍ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းက ပြောသည်။

ထို့ပြင် ယခုအချိန်သည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေချိန်ဖြစ်သော်လည်း ပြည်သူလူထုများအတွက် အမှန်တကယ်လိုအပ်နေသည့်အချိန်ဖြစ်သည့်အတွက် ယခုလို အချိန်မျိုးမှာ ထောက်ပံ့ပေးရခြင်းဖြစ် ကြောင်း၊ ယခုလို ထောက်ပံ့ခြင်းသည် အခမ်းအနားဖြင့် ပြုလုပ်ကျင်းပခြင်းမဟုတ်ဘဲ စားနပ်ရိက္ခာ လာရောက်ထောက်ပံ့ခြင်းသာဖြစ်ကြောင်း ဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် တိုက်ပွဲရှောင်စခန်းတာဝန်ခံ အသီး သီးတို့မှ ထောက်ပံ့ပေးမှုအတွက် ကျေးဇူးတင် စကားများပြောကြားခဲ့ပြီး လိုအပ်ချက်များလည်း တင်ပြခဲ့သည်။

ယခုထောက်ပံ့ခြင်းအစီအစဉ်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်း၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးမှူး ဒေါ်လှကေသီမာ၊ တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦး၊ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးနောင်နဂျာတန်၊ တနိုင်းမြို့နယ် အထွေအထွေအုပ်ချုပ်ရေးမှူး ဦးကျော်လွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှုးဝင်းညွန့်၊ မြို့ နယ် လမ်းဦးဦးစီးဌာန အငယ်တန်းအင်ဂျင်နီ ယာ ဦးစိုင်းအောင်မျိုးညွန့်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တနိုင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်အချို့တို့ ပါဝင်လျက် ယင်းတိုက် ပွဲရှောင်စခန်းတာဝန်ခံများထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။