Trending Now

တရုတ်နိုင်ငံအနောက်တောင်ပိုင်းတွင် ရေကြီးမှုများကြောင့် ၁၂ ဦး သေ၊ ၁၀ ဦး ပျောက်ဆုံး

Spread the love

တရုတ်နိုင်ငံအနောက်တောင်ပိုင်းတွင် ရေကြီးမှုများကြောင့် ၁၂ ဦး သေ၊ ၁၀ ဦး ပျောက်ဆုံး

EPN
နိုင်ငံတကာ၊ ဇွန် ၂၉

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၀ ဦး ပျောက်ဆုံးလျက်ရှိရာ နိုင်ငံ တစ်ဝန်း ရေကြီးရေလျှံမှုများကြောင့် နောက်ထပ် သေဆုံးသူနှင့် ပျောက်ဆုံးသူ တိုးလာခဲ့ကြောင်း တရုတ်နိုင်ငံအ နောက်တောင်ပိုင်း စီချွမ်ပြည်နယ်မှ အာဏာပိုင်များက ပြောကြားလိုက်သည်။

စီချွမ်ပြည်နယ် မီယန်နင်စီရင်စုမှာ ဇွန်လ ၂၆ ရက်နှင့် ၂၇ ရက်တွင် မုန်တိုင်းတိုက်ခတ်မှုများဒဏ် ခံခဲ့ရပြီး ယီဟိုင်းမြို့တွင် ရေကြီးရေလျှံမှုရှိခဲ့ကြောင်း စီရင်စုအစိုးရက ကြေညာခဲ့သည်။

ကားနှစ်စင်းမှာ ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားသော အဝေးပြေးလမ်းမကြီးတစ်ခုပေါ်မှ မြစ်တစ်စင်း အတွင်း ထိုးကျသွားခဲ့ပြီး ဒေသခံပြည် သူ ၇၇၀၅ ဦးကို ဘေးလွတ်ရာပြောင်းရွှေ့ပေးခဲ့သည်။

အဆိုပါဧရိယာမှာ တရုတ်နိုင်ငံ၏ အဓိကမြစ်ကြီးသုံးစင်း အစပြုစီးဆင်းရာ တိဘက်ကုန်းပြင်မြင့်ထက် တစ်ဖြည်းဖြည်း မြင့်တက်လာသည့် မတ်စောက်သောကုန်းမြေများ၏အောက်ခြေ လွင်ပြင်တစ်ခုပေါ်တွင် တည်ရှိ သည်။

ဇွန်လဆန်းတွင် စတင်ခဲ့သည့် တရုတ်နိုင်ငံတစ်ဝန်း ရေလွှမ်းမိုးများကြောင့် လူပေါင်း ၇၈ ဦး သေဆုံး သို့ မဟုတ် ပျောက်ဆုံးခဲ့ပြီး အိမ်ပေါင်း တစ်သိန်းကျော် ပျက်စီးကာ တိုက်ရိုက် စီးပွားရေးအရ ဆုံးရှုံးမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံနှင့်ညီမျှသည့် ယွမ် ၂၅ ဘီလီယံကျော်ရှိကြောင်း အရေးပေါ်စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ဇွန်လ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံတွင် ရာသီအလိုက် ရေကြီးရေလျှံမှုများ နှစ်စဉ် ဖြစ်ပွားလေ့ရှိပြီး ယန်ဇီမြစ်ပေါ်ရှိ လျှိုမြှောင် သုံးသွယ်ဆည် ကဲ့သို့သောဆည်များအသုံးပြု၍ ထိခိုက်ပျက်စီးမှုနည်းပါးစေရန် အာဏာပိုင်များက ကြိုးပမ်းခဲ့ သည်။

မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံ၏ အဆိုးရွားဆုံး ရေကြီးရေလျှံမှုများမှာ ၁၉၉၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူပေါင်း ၂၀၀၀ ကျော် သေဆုံးကာ အိမ်ပေါင်း ၃ သန်းနီးပါး ပျက်စီးခဲ့ရသည်။

–ကိုးကား–
ဒေလီမေးလ်
Ref; At least 12 killed in flooding in southwestern China


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။