Trending Now

ကမ္ဘာတစ်လွှား နျူကလီးယားလက်နက် ဖျက်သိမ်းရေးအတွက် ဟီရိုရှီးမားကနေ ကုလသမဂ္ဂ အကြီးအကဲ တောင်းဆိုမယ်

Spread the love

ကမ္ဘာတစ်လွှား နျူကလီးယားလက်နက် ဖျက်သိမ်းရေးအတွက် ဟီရိုရှီးမားကနေ ကုလသမဂ္ဂ အကြီးအကဲ တောင်းဆိုမယ်

EPN
နိုင်ငံတကာ၊ သြဂုတ် ၅

ဟီရိုရှီးမားကို သွားရောက်မယ့် ခရီးစဉ်အတွင်း နျူကလီးယားလက်နက် ဖျက်သိမ်းရေး လုပ်ဆောင်ကြပါလို့ ကမ္ဘာကြီးကို တောင်းဆိုဖို့ သူစီစဉ်နေကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရပ် က ပြောပါတယ်။

ဟီရိုရှီးမားမြို့ကို အဏုမြူဗုံးကြဲချမှု ၇၇ နှစ်မြောက်တဲ့ ဩဂုတ်လ ၆ ရက်နေ့၊ စနေနေ့မှာ ကျင်းပမယ့် ငြိမ်းချမ်းရေးအထိမ်းအမှတ် အခမ်းအနားကို ဂူတာရပ်က တက်ရောက်ဖို့ရှိနေပြီး နျူကလီးယားလက်နက်တွေ အသုံးပြုတာကို “လုံး၀ လက်မခံနိုင်ကြောင်း” သတင်းစကားကို ဟီရိုရှီးမားကနေ သူထုတ်ပြန်မယ်လို့ဆိုပါတယ်။

ကမ္ဘာကြီးအနေနဲ့ ဟီရိုရှီးမားနဲ့ နာဂါစာကီမြို့တွေ အဏုမြူဗုံးကြဲချခံရတာရဲ့ ကြေကွယ်ဖွယ် အဖြစ်ဆိုးတွေကနေ သင်ခန်းစာယူဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။

၂၀ ရာစုအကုန်မှာ ကမ္ဘာနဲ့ချီတဲ့ နျူကလီးယား လက်နက်ဖျက်သိမ်းရေးအတွက် ကြီးမားတဲ့ တိုးတက်မှုတွေ ရှိခဲ့ပေမဲ့ အခုအခါမှာ နျူကလီးယားလက်နက်တွေနဲ့ ဒါတွေကို ခေတ်မီအောင်လုပ်ဆောင်မှုတွေအပေါ်မှာ ပြန်ပြီး ရင်းနှီးမြှုပ်နှံလာနေကြလို့ အနေအထားတွေ ဆုတ်ယုတ်လာနေတယ်လို့ သူကပြောပါတယ်။

နယူးယောက်မှာ ကျင်းပနေတဲ့ နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ် ပြန်လည်သုံးသပ်ရေး ညီလာခံမှာ လက်နက်ဖျက်သိမ်းရေးအရှိန်အဟုန်ကို ပြန်လည်ဖော်ထုတ်နိုင်မယ်လို့ မျှော်လင့်ထားကြောင်းလည်း ဂူတာရပ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

Source – NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။