Trending Now

ဒေါ်နယ်ထရမ့် ရဲ့တွစ်တာ အကောင့်ပိတ်ပင်ထားတာကို ပြန်လည်ရုပ်သိမ်းသွားမယ်လို့ ကမ္ဘာ့အချမ်းသာဆုံးသူဌေး အီလွန်မက်စ် ပြော

Spread the love

ဒေါ်နယ်ထရမ့် ရဲ့တွစ်တာ အကောင့်ပိတ်ပင်ထားတာကို ပြန်လည်ရုပ်သိမ်းသွားမယ်လို့ ကမ္ဘာ့အချမ်းသာဆုံးသူဌေး အီလွန်မက်စ် ပြော

EPN
နိုင်ငံတကာ၊ မေ ၁၁

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ တွစ်တာအကောင့်အပေါ် အမြဲတမ်း ပိတ်ပင်ထားခဲ့တာကို ပြန်လည်ရုပ်သိမ်းသွားမယ်လို့ ကမ္ဘာ့အချမ်းသာဆုံးသူဌေး အီလွန်မက်စ်က ပြောဆိုလိုက်ပါတယ်။

Tesla ရဲ့ အမှုဆောင်အရာရှိချုပ် အီလွန် မက်စ် က တွစ်တာ ပလက်ဖောင်းကို ပြီးခဲ့တဲ့လအတွင်းက ၄၄ ဘီလီယံဒေါ်လာနဲ့ ဝယ်ယူပြီးနောက် ယမန်နေ့က အခုလိုပြောဆိုခဲ့တာပါ။

ထရမ့်အပေါ် တွစ်တာရဲ့ ပိတ်ပင်မှုဟာ အမေရိကန်ပြည်ထောင်စုရဲ့ ကြီးမားတဲ့အစိတ်အပိုင်းနဲ့ ကင်းကွာစေတာကြောင့် မှားယွင်းနေတယ်လို့ ပြောဆိုခဲ့ပါတယ်။

တွစ်တာကို ဝယ်ယူလိုက်တာဟာ လူတိုင်းလွတ်လပ်စွာပြောဆိုနိုင်ရေးနဲ့ လူတိုင်းရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ကာကွယ်ဖို့ ရည်ရွယ်ထားတယ်လို့ ကမ္ဘာ့အချမ်းသာဆုံးသူဌေး အီလွန်မက်စ်က ဆိုပါတယ်။

“လွတ်လပ်စွာ ပြောဆိုနိုင်ခွင့်ဟာ ဒီမိုကရေစီရဲ့ အနှစ်သာရ ဖြစ်ပါတယ်။ တွစ်တာဟာ လူတွေ ဆွေးနွေးငြင်းခုန်တဲ့ ဒစ်ဂျစ်တယ် ကမ္ဘာ တစ်ခုပါ ကျွန်တော် တွစ်တာမှာ လုပ်ဆောင်ချက် အသစ်တွေ ထည့်သွင်းပြီး ပိုကောင်းအောင် ပြုလုပ်မှာပါ။ သတင်းမှားတွေကို တိုက်ဖျက်သွားမှာဖြစ်ပြီး တွစ်တာဟာ အလားအလာ အများကြီး ရှိပါတယ် အသုံးပြုသူတွေကို အဲဒီ အကျိုးကျေးဇူးတွေကို သုံးနိုင်အောင် ဖန်တီးပေးမှာပါ။ “ လို့ မက်စ်က ပြောပါတယ်။

Source – CNA

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။