Trending Now

မော်ရိုကိုနိုင်ငံမှာ ၂ ရာစုခေတ်က ရှေးဟောင်းမြို့တစ်ခု တူးဖော်တွေ့ရှိ

Spread the love

မော်ရိုကိုနိုင်ငံမှာ ၂ ရာစုခေတ်က ရှေးဟောင်းမြို့တစ်ခု တူးဖော်တွေ့ရှိ

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၄

မော်ရိုကိုမြို့တော် ရာဘတ်မှာ ၂ ရာစုခေတ်က ရောမခေတ်ရှေးဟောင်းမြို့တစ်ခုကို ဖော်ထုတ်တွေ့ရှိခဲ့တယ်လို့ မော်ရိုကိုရှေးဟောင်းသုတေသနပညာရှင်တွေက နိုဝင်ဘာ ၃ ရက်နေ့က ကြေညာခဲ့ပါတယ်။

မော်ရိုကိုနိုင်ငံရဲ့ ကမ္ဘာ့လည့်ခရီးသည်တွေကို ဆွဲဆောင်ရာနေရာဖြစ်တဲ့ နာမည်ကျော် Chellah နေရာအနီးမှာ အဆိုပါရှေးဟောင်းမြို.ကို တွေ့ရှိခဲ့တာဖြစ်ပြီး ရေချိုးကန်ကြီးတစ်ခုနဲ့ သင်္ချိုင်းကုန်းတစ်ပါဝင်တယ်လို့ သိရပါတယ်။

အဆိုပါတွေ့ရှိမှုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၈၀၀ ခန့်က ရှေးဟောင်းမော်ရိုကိုမှာ နေထိုင်ခဲ့ကြတဲ့ လူတွေရဲ့ ဘဝအကြောင်းကို ထိုးထွင်းသိမြင်နိုင်လိမ့်မယ်လို့ မော်ရိုကိုရှေးဟောင်းသုတေသနပညာရှင်တွေက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ရှာဖွေတွေ့ရှိသမျှထဲက အကြီးဆုံးဖြစ်တဲ့ ရေချိုးကန်ကြီးဟာ စတုရန်းမီတာ ၂၀၀၀ ခန့် ကျယ်ဝန်းကြောင်း ရှေးဟောင်းသုတေသနပညာရှင် အယ်လ်ခါယာရီက ပြောကြားခဲ့ပြီး ရောမခေတ် ဦးခေါင်းမပါတဲ့ စကျင်ကျောက်ရုပ်တုတစ်ခုကိုလည်း တွေ့ရှိခဲ့တယ်လို့ သူကထည့်သွင်းပြောကြားခဲ့ပါတယ်။

မော်ရိုကိုလူငယ်နှင့် ယာဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ တူးဖော်မှုနဲ့ ရှေးဟောင်းသုတေသနစစ်တမ်းတွေအပါအဝင် ရှေးဟောင်းသုတေသနပရောဂျက်ကို ဧပြီလက စတင်ခဲ့ပြီး ရှေးဟောင်းသိပ္ပံနှင့် အမွေအနှစ်ဆိုင်ရာ အမျိုးသားသိပ္ပံက တာဝန်ယူဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

ref; xinhua


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။