Trending Now

တစ်နိုင်ငံလုံး TikTok တားမြစ်ရေး ဥပဒေမူကြမ်း အမေရိကန်အောက်လွှတ်တော် အတည်ပြု

Spread the love

တစ်နိုင်ငံလုံး TikTok တားမြစ်ရေး ဥပဒေမူကြမ်း အမေရိကန်အောက်လွှတ်တော် အတည်ပြု

EPN
နိုင်ငံတကာ၊ မတ် ၃

တစ်နိုင်ငံလုံး TikTok အသုံးပြုမှုတားမြစ်ရေး ဥဒပဒေမူကြမ်းကို အတည်ပြုဖို့ အမေရိကန်အောက်လွှတ်တော်က ဗုဒ္ဓဟူးနေ့မှာ ထောက်ခံမဲ၂၄ မဲ၊ ကန့်ကွက်မဲ ၁၆ မဲ နဲ့ အတည်ပြုခဲ့ပါတယ်။

ဒီလို အတည်ပြုနိုင်အောင် အောက်လွှတ်တော်ကို ထိန်းချုပ်ထားတဲ့ ရီပတ်ဘလီကန်ပါတီဝင်တွေက ကမကထပြုခဲ့ တာဖြစ်ပြီး ကော်မတီဥက္ကဌ Michael McCaul က ဒီအပလီကေးရှင်းဟာ လုံခြုံရေးဆိုင်ရာအန္တရာယ် ဖြစ်စေနိုင်တယ်လို့ တည့်သွင်း ပြောကြားခဲ့ပါတယ်။

ဒီမိုကရက်အဖွဲ့ဝင်တွေက ဒီဥပဒေနဲ့ ပတ်သက်လို့ သတိထားနေကြပြီး သူတို့က အဲဒီမူကြမ်းကို နောက်ထပ်ပြန်လည်သုံးသပ်ဖို့ တောင်းဆိုလိုက်ပါတယ်။ သူတို့က ဒီမူကြမ်းဟာ အရမ်းကျယ်ပြန့်ပြီး မရည်ရွယ်တဲ့ အကျိုးဆက်တွေ ရလာနိုင်တယ်လို့ ပြောပါတယ်။

ဥပဒေအတည်ဖြစ်လာဖို့အတွက် ဒီမူကြမ်းကို အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် ၂ ရပ် စလုံးက အတည်ပြုဖို့ လိုအပ်မှာဖြစ်ပြီး အဲဒီနောက် မူကြမ်းကို သမ္မတက လက်မှတ်ရေးထိုးမှသာ အသက်ဝင်မှာဖြစ်ပါတယ်။

အဲဒီမူကြမ်း ဥပဒေအတည်ဖြစ်လာမှာလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ အမေရိကန်မှာ TikTok ကို တားမြစ်ပိတ်ပင်တဲ့အတွက် အဲဒီအက်ပလီကေးရှင်း အသုံးပြုနေသူ သန်း ၁၀၀ အပေါ် ဂယက်ရိုက်လာဖွယ်ရှိပါတယ်။

Ref; NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။