Trending Now

အမေရိကန်သမ္မတဘိုင်ဒင်က ရုရှားသမ္မတပူတင်ကို “စောက်ရူးခွေးမသား”လို့ ခေါ်

Spread the love

အမေရိကန်သမ္မတဘိုင်ဒင်က ရုရှားသမ္မတပူတင်ကို “စောက်ရူးခွေးမသား”လို့ ခေါ်

EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၃

ကယ်လီဖိုးနီးယားမှာ ကျင်းပပြုလုပ်တဲ့ ရန်ပုံငွေပွဲတစ်ခုအတွင်း အမေရိကန်သမ္မတဘိုင်ဒင်က ရရှားသမ္မတကို “စောက်ရှုးခွေးမသား(Crazy S.O.B)” လို့ ခေါ်ဆိုခဲ့ပြီး ကရင်မလင်ကလည်း ဘိုင်ဒင်ကို “အမေရိကန်နွားကျောင်းသား(Hollywood cowboy)” လို့ တုံ့ပြန်ခဲ့ပါတယ်။

“ငါတို့မှာ Crazy S.O.B ပူတင်လိုလူတွေကြောင့် နျူကလီယား ပဋိပက္ခအတွက် အမြဲတမ်း စိုးရိမ်နေရတယ်” လို့ မစ္စတာဘိုင်ဒန်က ဗုဒ္ဓဟူးနေ့ညပိုင်းမှာ ဆန်ဖရန်စစ္စကိုရှိ အလှူရှင်တွေကို ပြောကြားခဲ့ပါတယ်။

မစ္စတာဘိုင်ဒင်က ရုရှားသမ္မတကို ပြောင်ပြောင်တင်းတင်းဝေဖန်ခဲ့ပြီး ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပါစ်ကော့ဗ်ကတော့ ပြည်တွင်းပရိတ်သတ်တွေကို ဖျော်ဖြေနေရတဲ့ “အမေရိကန် နွားကျောင်းသား” အပြုအမှုသာဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

“ပြည်တွင်းနိုင်ငံရေး အကျိုးစီးပွားအတွက် မစ္စတာဘိုင်ဒန်ဟာ ဟောလိဝုဒ်ရဲ့ ကောင်းဘွိုင်ပုံစံ အမူအကျင့်ကို ပြသနေတာ ထင်ရှားပါတယ်” လို့ မစ္စတာ ပါစ်ကော့ဗ် က ပြောကြားခဲ့ပါတယ်။

မစ္စတာဘိုင်ဒင်ရဲ့ မှတ်ချက်နဲ့ ပတ်သက်လို့ မစ္စတာပူတင်က ” ဗိုလိုဒီမာ မင်းငါ့ကိုအများကြီးကူညီခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ သူထုတ်ဖော်မပြောနိုင်ပေမယ့် အမေရိကန်ပြည်တွင်းနိုင်ငံရေးမှာ ဘာတွေဖြစ်နေတယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်” လို့ ဆိုပါတယ်။

ဘိုင်ဒင်ရဲ့ မဲဆွယ်စည်းရုံးရေး လမ်းကြောင်းပေါ်မှာ ရုရှားသမ္မတပူတင်ကို ပြစ်တင်တိုက်ခိုက်မှုတွေ သိသိသာသာ ပြင်းထန်လာပြီး ပြီးခဲ့တဲ့ သီတင်းပတ်က ရရှားအတိုက်အခံခေါင်းဆောင် Alexei Navalny သေဆုံးမှုနဲ့ ပတ်သက်လို့လည်း မစ္စတာပူတင်ကို လူဆိုးလူမိုက်အဖြစ် အပြစ်တင်ခဲ့ပါတယ်။

“ဘာဖြစ်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့ အတိအကျ မသိရပေမယ့် Nalvany သေဆုံးမှုက ပူတင်နဲ့ သူ့ရဲ့ လူဆိုးလူမိုက်တွေ လုပ်ခဲ့တဲ့ အရာတစ်ခုရဲ့ အကျိုးဆက်ဖြစ်တယ်လို့ သံသယဖြစ်စရာ မရှိပါဘူး” လို့ အိမ်ဖြူတော်မှာ ဘိုင်ဒင်က ပြောကြားခဲ့ပါတယ်။

Navalny သေဆုံးမှုအတွက် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ကရင်မလင်းနန်းတော်က ငြင်းဆိုထားပြီး မစ္စတာပူတင်မှာ တာဝန်ရှိတယ်လို့ အနောက်တိုင်းရဲ့ စွပ်စွဲပြောဆိုမှုတွေဟာ လက်ခံနိုင်စရာမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

ref; NTY


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။