Trending Now

ဝိုင်းမော်မြို့နယ်၌ လူဦးရေစာရင်း ကောက်ယူရေး သင်တန်းဖွင့်လှစ်

Spread the love

ဝိုင်းမော်မြို့နယ်၌ လူဦးရေစာရင်း ကောက်ယူရေး သင်တန်းဖွင့်လှစ်
EPN
ဝိုင်းမော်၊ ဒီဇင်ဘာ ၂၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်တွင် လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ(၂၇)ရက်၊ နံနက် (၉)နာရီချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ တေဇခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ဝိုင်းမော်မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မှ အဆင့်(၃) ဖြစ်သည့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး လုပ်ငန်းစဉ်တွင် အဓိက ကျသည့် လုပ်ငန်းဖြစ်သဖြင့် မြေပြင်တွင် မှန်မှန်ကန်ကန် စနစ်တကျ ကောက်ယူနိုင်ရန် ဖြစ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

လာမည့် ၂၀၂၃ ခုနှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝိုင်းမော်မြို့နယ်အတွင်းရှိ လူဦးရေစာရင်း တိကျမှန်ကန်မူရှိစေရန်အတွက် မြေပြင်ကွင်းဆင်း စစ်တန်းကောက်ယူသူများ လွယ်ကူလျှင်မြန်မူရှိစေရန်အတွက် (Working Group) အဖွဲ့များကို သင်တန်းပို့ချပေးရခြင်း ဖြစ်ကြောင်း သိရသည်။

“မြေပြင်ကွင်းဆင်း စာရင်း ကောက်ယူရေးလုပ်ငန်းများနဲ့ (မသန်စွမ်း (၅)မျိုးစာရင်း ကောက်ယူခြင်း အပါအဝင်) လာမယ့် ဇန်နဝါရီလ (၉) ရက်နေ့ကနေ (၃၁)ရက်နေ့အထိ (၂၃) ရက်အတွင်း တစ်ချိန်တည်း တစ်ပြိုင်တည်းပြီးစီးအောင် ကောက်ယူရမှာဖြစ်တယ်။ မြေပြင်တစ်အိမ်တက် တစ်အိမ်ဆင်း ကွင်းဆင်းဆောင်ရွက်ကြမယ့် (Working Group) များကို မြေပြင်ကွင်းဆင်းလုပ်ငန်းများ လက်တွေ့ဆောင်ရွက်တဲ့ အချိန်မှာ လွယ်ကူစေဖို့အတွက် သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ပါတယ်”ဟု အဆိုပါသင်းတန်းမှ တာဝန်ရှိသူတစ်ဦးက မှာကြားပြောဆိုခဲ့သည်။

ထို့နောက် မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်ရေးမှူးကော်မတီ တွဲဘက်အတွင်းရေးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးမှ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ ကြီးကြပ်မှုကော်မတီများအဆင့်ဆင့် ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် လူဦး‌ရေ မြေပြင်ကွင်းဆင်းကောက်ယူရေး လုပ်ငန်းလမ်းညွှန်ချက်များကိုရှင်းလင်း ‌ပြောကြားခဲ့သည်။

ဆက်လက်ပြီး သင်တန်းကိုတက်ရောက်လာကြသောဝိုင်းမော်မြို့နယ် ရပ်ကွက်၊ကျေးရွာအုပ်စု မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီများနှင့်ရပ်ကွက်‌၊‌ ကျေးရွာအုပ်စု မြေပြင် တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့များအား မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းစဥ်များကို နံနက်၁၀နာရီမှ ညနေ၄နာရီခွဲထိ (၁)တာ ဆွေးနွေးပို့ချ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။