Trending Now

ရုန်းရင်းဆန်ခတ် ဆန္ဒပြမှုတွေ ဖြစ်ပွားပြီးနောက် သီရိလင်္ကာ သမ္မတ နဲ့ ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်

Spread the love

ရုန်းရင်းဆန်ခတ် ဆန္ဒပြမှုတွေ ဖြစ်ပွားပြီးနောက် သီရိလင်္ကာ သမ္မတ နဲ့ ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်

EPN
နိုင်ငံတကာ၊ ဇူလှိုင် ၁၁

သီရိလင်္ကာနိုင်ငံမှာ ပြီးခဲ့တဲ့ စနေနေ့က ရုန်းရင်းဆန်ခတ် ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူတွေက သမ္မတရဲ့ နေအိမ်ကိုဝင်စီးခဲ့တာအပြင် ဝန်ကြီးချုပ် ရဲ့နေအိမ်ကိုပါ မီးရှို့ခဲ့တာကြောင့် သမ္မတ နဲ့ ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်တော့ မယ်လို့ ဆိုပါတယ်။

သီရိလင်္ကာသမ္မတ နဲ့ ဝန်ကြီးချုပ်တို့တို့ ဟာ အဆိုးဆုံး နိုင်ငံရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့အပြင် စီးပွားရေးအကျပ်အတည်းကြောင့် မရှိမဖြစ်လိုအပ်တဲ့ပစ္စည်း ပြတ်လပ်မှုတွေကို ဖြစ်ပေါ်စေခဲ့ပြီး အစားအစာ နဲ့ လောင်စာဆီတွေကို ဝယ်ယူနိုင်ဖို့ ရုန်းကန်နေရတဲ့ သမ္မတနဲ့ ဝန်ကြီချုပ်အပေါ်မှာ ဖိအားတွေ တိုးလာခဲ့တာပါ။

ရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို ညမထွက်ရအမိန့်နဲ့ တာဆီးဖို့ ကြိုးစားခဲ့ပေမယ့် ရှေ့နေတွေနဲ့ အတိုက်အခံပါတီ နိုင်ငံရေးသမားတွေက တရားဝင်ဘူးဆိုကာ အမိန့်ကို ရုတ်သိမ်းခဲ့ပါတယ်။ ဒါ့ကြောင့် ထောင်းပေါင်းများစွာသော ဆန္ဒပြသူတွေဟာ သမ္မတရဲ့ နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ပြီး အိမ်ထဲမှာ ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီနောက် ဆန္ဒပြသူတွေဟာ ဝန်ကြီးချုပ်ရဲ့ ကိုယ်ပိုင်နေအိမ်ကိုလည်း ဝင်ရောက်ဖျက်စီးကာ မီးတင်ရှို့ခဲ့ကြပါတယ်။

ဝင်ရောက်စီးနင်းခဲ့တဲ့ အချိန်မှာတော့ သမ္မတ နဲ့ ဝန်ကြီးချုပ်တို့ဟာ အိမ်မှာရှိနေလာ၊ မရှိနေဘူးလားဆိုတာကို တော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ အစိုးရပြောရေးဆိုခွင့်ရှိသူပြောပါတယ်။ အစောပိုင်းက သမ္မတအိမ်တော်ကို ချီတက်ဆန္ဒပြကြဖို့ လမ်းမတွေပေါ်မှာ စုဝေးရောက်ရှိနေတဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ အသုံးပြု ဖြိုခွင်းဖို့ ကြိုးစားခဲ့ပေမယ့် ထောင်ပေါင်းများစွာသော ဆန္ဒပြသူတွေဟာ ခြံစည်းရိုးတွေကို ဖြတ်ကျော်ဝင်ရောက်လာတဲ့အတွက် တားဆီးဖို့ ကြိုးပမ်းမှုဟာ အချည်းနှီး ဖြစ်သွားခဲ့ပါတယ်။

လွှတ်တော်ဥက္ကဋ္ဌ မဟီဒါရာပ က သမ္မတဟာ လွတ်တော်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတေဆွးနွေးခဲ့ပြီး နုတ်ထွက်ဖို့ တောင်းဆိုချက်ကို လက်ခံသဘောတူခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အာဏာကို ငြိမ်းချမ်းစွာ လွဲပြောင်းပေးအပ်နိုင်ဖို့အတွက် ဇူလှိုင်လ ၁၃ ရက်နေ့အထိ သမ္မတရာထူးနဲ့ ဆက်လက်ရှိနေမှာ ဖြစ်ကြောင်းကို နိုင်ငံပိုင် ရုပ်မြင်သံကြားကနေတဆင့် အသိပေးခဲ့ပါတယ်။

ဒါကြောင့် ပြည်တွင်းမှာ ပြည်သူတွေအနေနဲ့ နောက်ထပ် အနှောက်အယှက်တွေ မလုပ်ကြတော့ဘဲ ငြိမ်းချမ်းတဲ့ အသွင်ကူးပြောင်းမှုကို ဖော်ဆောင်နိုင်ဖို့အတွက် ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားဖို့ လူတိုင်းကို တိုက်တွန်းချင်ပါတယ်လို့ လွတ်တော် လွှတ်တော်ဥက္ကဋ္ဌက တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံရေးသမားတွေက သံခင်းတမန်ခင်းနဲ့ အဆက်အသွယ်တွေကို အသုံးပြုပြီး ပြိုကျနေတဲ့ စီးပွားရေး ပြန်လည်အသက်သွင်းနိုင်ဖို့ မျော်လင့်ချက်နဲ့ ရာဂျာပက်ဆာကို မေလအတွင်းမှာ ဝန်ကြီးချုပ်ခန့်အပ်ခဲ့ပါတယ်။ သို့ပေမယ့် သူဝန်ကြီးချုပ်ရာထူး ရယူပြီးကာမှ ပြည်တွင်းမှာ စက်သုံးဆီပါပြတ်တောက်သွားခဲ့ပြီး ကျောင်းတွေပါ ယာယီပိတ်ထားခဲ့ရတာကြောင့် ပြည်သူတွေဟာ ဒေါသထွက်လာခဲ့ပါတယ်။

သီရိလင်္ကာနိုင်ငံဟာ ဒေဝါလီခံတားတဲ့ နိုင်ငံဖြစ်တာကြောင့် ငွေကြေးအကူအညီရယူနိုင်ဖို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ နဲ့ ညှိနှိုင်းဖို့ ကြိုးစားနေရချိန်မှာ အကူအညီရယူဖို့အတွက် အိန္ဒိယ နဲ့ အခြားနိုင်ငံတွေကို မှီခိုနေရပါတယ်။

သီရိလင်္ကာနိုင်ငံဟာ နိုင်ငံခြားငွေပြတ်လပ်မှုကြောင့် နိုင်ငံခြားချေးငွေ ပြန်ဆပ်ဖို့ ဆိုင်းငံ့ထားကြောင်း ဧပြီလအတွင်းမှာ ကြေညာခဲ့ပါတယ်။ နိုင်ငံရဲ့ စုစုပေါင်း ပြည်ပကြွေးမြီးပမာဏဟာ ဒေါ်လာ ၅၁ ဘီလီယံရှိတဲ့အပြင် အဲဒီထဲက ဒေါ်လာ ၂၈ ဘီလီယံကို ၂၀၂၇ ခုနှစ် နှစ်ကုန်ပိုင်းမှာ ပြန်ဆပ်ရမှာဖြစ်ပါတယ်။

Source – AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။