Trending Now

မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်ဥပဒေကို အလွန်စိုးရိမ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ပြော

Spread the love

မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်ဥပဒေကို အလွန်စိုးရိမ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ပြော

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၁၂

မြောက်ကိုရီးယားက နျူကလီးယားတိုက်ခိုက်မှု လုပ်ဆောင်နိုင်တဲ့ ကန့်သတ်ချက်တွေကို ချမှတ်ထားတဲ့ ဥပဒေသစ်ကို ပြဋ္ဌာန်းခဲ့တာအပေါ် အလွန်စိုးရိမ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရပ်စ် က ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က နျူကလီးယားတိုက်ခိုက်မှုကိုလုပ်ဆောင်မယ့် အခြေအနေတွေ ဖော်ပြထားတဲ့ ဥပဒေတစ်ခုကို မြောက်ကိုရီးယားက အတည်ပြုခဲ့ပြီး နိုင်ငံရဲ့ခေါင်း‌ဆောင်တိုက်ခိုက်ခံရလို့ရှိရင် ကြိုတင်လက်ဦးမှုရယူတဲ့ အနေနဲ့ မြောက်ကိုရီးယားဟာ နျူကလီးယာလက်နက်ကို အသုံးပြုမယ်လို့ အဲဒီဥပဒေထဲမှာ ‌ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားရဲ့ အဲဒီ “နျူကလီးယားလက်နက်မူဝါဒ”နဲ့ ပတ်သက်တဲ့ ဥပဒေသစ်အပေါ် မစ္စတာ ဂူတာရပ်စ်က အလွန်စိုးရိမ်မိကြောင်း ပြောဆိုလိုက်တာပါ။

လုံခြုံရေးအယူဝါဒတွေမှာ နျူကလီးယားလက်နက်တွေရဲ့ အခန်းကဏ္ဍနဲ့ အရေးပါမှုတွေ ကျယ်ပြန့်လာနေတာဟာ နျူကလီးယားအန္တရာယ်လျော့ချရေးနဲ့ ဖျက်သိမ်းရေးအတွက် နိုင်ငံတကာ အသိုက်အဝန်းရဲ့ ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားမှုတွေနဲ့ ဖီလာဆန့်ကျင်နေတယ်လို့ ဂူတာရပ်စ်က ဆိုပါတယ်။

မြောက်ကိုရီးယားဟာ ပဲ့ထိန်းဒုံးကျည် နည်းပညာကို အသုံးပြုပြီး ဒုံးကျည်တွေကို တီထွင်ထုတ်လုပ်တာအပါအဝင် နျူကလီးယားလက်နက် အစီအစဉ်တစ်ခုကို ဆက်လက်လုပ်ဆောင်နေပြီး အဲဒီလို လှုပ်ရှားမှုတွေ ရပ်တန့်ဖို့ လုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေကို ဆက်လက် လစ်လျူရှုနေတယ်လို့ သူက ဆိုပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားဖျက်သိမ်းရေးအတွက် အဓိကသက်ဆိုင်သူတွေနဲ့ ဆွေးနွေးမှုတွေ ပြန်လည်စတင်ဖို့ မြောက်ကိုရီးယားကို မစ္စတာ ဂူတာရပ်စ်က ထပ်မံတောင်းဆိုလိုက်ပါတယ်။

source – NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။