Trending Now

အွန်လိုင်းဂိမ်းကစားခွင့်ကို စည်းကမ်းတင်းကျပ်ထားတဲ့ တရုတ်နိုင်ငံမှာ ကလေးတွေ ဂိမ်းကစားခွင့် တစ်နာရီတိုးမြင့် ခွင့်ပြု

Spread the love

အွန်လိုင်းဂိမ်းကစားခွင့်ကို စည်းကမ်းတင်းကျပ်ထားတဲ့ တရုတ်နိုင်ငံမှာ ကလေးတွေ ဂိမ်းကစားခွင့် တစ်နာရီတိုးမြင့် ခွင့်ပြု

EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၀

ကလေးတွေ အွန်လိုင်းဂိမ်းကစားခွင့်ကို စည်းကမ်းတင်းကျပ်ထားတဲ့ တရုတ်နိုင်ငံမှာ တရုတ်နှစ်သစ်ကူး လက်ဆောင်အဖြစ် တရုတ်အဏာပိုင်တွေက တစ်နေ့ကို ဂိမ်းကစားခွင့် တစ်နာရီ တိုးမြင့်ခွင့်ပြုပေးလိုက်ပါတယ်။

တရုတ်အာဏာပိုင်တွေဟာ ”အင်တာနက်စွဲလမ်းခြင်းကို” တိုက်ဖျက်ဖို့ နဲ့ ကလေးသူငယ်တွေ အွန်လိုင်းဂိမ်းကစားချိန်ကိုကန့်သတ်ဖို့ နှစ်အတော်ကြာ ကြိုးပမ်းခဲ့ပါတယ်။

၂၀၁၉ ခုနှစ်မှာတော့ တရုတ်အာဏာပိုင်တွေက အရွယ်မရောက်သေးသူတွေကို အလုပ်ပိတ်ရက်မှာ မိနစ် ၉၀ သာ အွန်လိုင်းဂိမ်း ကစားခွင့်ပြုဖို့ စတင်ကန့်သတ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာတော့ ပိုမိုပြင်းထန်တဲ့ စည်းကမ်းကို ထပ်မံထုတ်ပြန်ခဲ့ပြီး တစ်ပတ်မှာ တစ်နာရီသာ ဂိမ်းကစားခွင့်ပြုစေခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ အကြီးမားဆုံးပွဲတော် တရုတ်နှစ်သစ်ကူးရက်တွေဖြစ်တဲ့ ဇန်နဝါရီလ ၂၁-၁၇ ရက်တွေမှာတော့ ကလေးတွေကို အွန်လိုင်းဂိမ်းကစားခွင့် ၄ ရက်ပိုပေးလေ့ရှိပါတယ်။

တရုတ်နိုင်ငံရဲ့ အွန်လိုင်းဂိမ်းကစားခွင့် ကန့်သတ်ချက်ကြောင့် သားသမီးတွေက ဝုန်းဒိုင်းကြဲ သောင်းကျန်းခဲ့ပေမယ့် မိဘများစွာက အစိုးရရဲ့ လုပ်ဆောင်ချက်ကို ချီးကျူးခဲ့ကြပါတယ်။

တရုတ်နိုင်ငံအတွင်းမှာ ဖြန့်ဝေမယ့် အွန်လိုင်းဂိမ်းကုမ္ပဏီတွေ အနေနဲ့ အရွယ်မရောက်သေးသူတွေကို အင်တာနက် စွဲလမ်းခြင်းကို ကာကွယ်ဖို့အတွက် ”လူငယ်မုဒ်” ဆက်တင်တွေ မဖြစ်အနေ ထည့်သွင်းလာရပါတော့တယ်။

အခုတရုတ်နှစ်သစ်ကူးနေ့မှာတော့ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို ဂိမ်းကစားခွင့် လေးရက်အပြင် တစ်ရက်ကို တစ်နာရီ ပိုမိုတိုးမြင့် ကစားခွင့်ပြုမယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

— ကိုးကား —
AP
Ref; China keeping 1 hour daily limit on kids’ online games

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။